ကံမမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး


ကံမမြို့နယ် ပယ်ကျကျေးရွာကျော်မှာ အောက်တိုဘာ(၂၇)ရက် နေ့လည် (၁၁)နာရီခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ကံမမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ ပေပင်ကျေးရွာ ယာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတို့ သွားရောက်စစ်ဆေးကြပြီး သရက်မြို့ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ သရက်-ရန်ကုန် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းက Sunlong အမျိုးအစားခရီးသည်
ယာဉ်ဟာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီးပြုပြင်နေသူ(၂)ဦးကို ၀င်ရောက် တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။

 ယာဉ်တိုက်မှုကြောင့်ဆိုင်ကယ်ပြင်နေသူ(၂)ဦးထဲက တစ်ဦးဟာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်တစ်ဦးကိုတော့ ကံမမြို့ ပြည်သူ့ဆေးရုံကို ရဲဆေးစာနဲ့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 ယာဉ်တိုက်မှုကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကို ကံမမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ (၃၀၄-က/၃၃၇)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို အောင်ကျော်သူ(ကံမ)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ကံမမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး ကံမမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.