၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့ ၀၉၃၀ အချိန် မောင်တောမြို့နယ်၊ မဲဒီရွာနှင့် ရဲအောင်ချောင်းကျေးရွာသွားကားလမ်း ခန့်မှန်း (DU-188407)၌ ဘင်္ဂါလီအလောင်း(၁)လောင်း အသေရရှိကြောင်း သတင်းအရ တောင်ပြို-ယာနယ်မြေရဲစခန်းမှ ရဲအုပ် သိန်းထိုက်အေး ဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။
စစ်ဆေးချက်အရ ၀၄၀၀ အချိန် ခလရ (၂၃၄))မှ တပ်မတော်သားများ ဦးစီးအဖွဲ့သည် ကင်းပုန်းဝပ်နေစဉ် မီတာ(၂၀၀)ခန့် အကွာ လယ်ကန်သင်းအတိုင်း မဲဒီကျေးရွာနှင့် ရဲအောင်ချောင်း ကျေးရွာသွားလမ်းသို့ ဦးတည်လာသော ဘင်္ဂါလီ အကြမ်းဖက်သမား(၁၀)ဦးခန့်သည် ဓားကိုယ်စီ ကိုင်ဆောင်၍ လယ်ကန်သင်းရိုးမှ မဲဒီရွာသွားလမ်း (၄)ပေအမြင့်သို့တက်ရောက်နေသည်ကို တွေ့မြင်၍ ရှေ့ထွက်ကင်းတာဝန်ကျ တပ်ကြပ် မင်းနိုင်မှ လက်နက်ငယ်ဖြင့်(၅)ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီ(၁၀)ဦးခန့်သည် လယ်ကန်သင်းရိုးဘက်သို့ ခုန်ချထွက်ပြေးသွားခဲ့သဖြင့် ဆက်လက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ၀၄၅၀ အချိန် ခန့်မှန်း(DU-184410)၌လည်ပင်းယာဘက် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးကျန်ရစ်ခဲ့သည့် ဘင်္ဂါလီအမျိုးသားအလောင်း(၁)လောင်း၊ ၎င်းကိုင် ဆောင်သည့်ဓား(၁)ချောင်းတို့ရရှိပြီး အလောင်းအားစစ်ဆေးချက်အရ ဘင်္ဂလားဒေ့ရှ် (Department of Immigration and Passport, Bangladesh)မှ ထုတ်ပေးထားသည့် ကဒ်အမှတ် (၁၀၄၂၀၁၇၁၀-၁၃၁၄၄၃၀၉)တွင် အမည်နေရာ၌ ဟာဆန်(Hasan)၊ အသက်(၂၀)နှစ်ဟု ဖော်ပြ ထားပြီး လိပ်စာတွင် Vill, Boli Bazar, PS : Maungdaw, Dist :Akyab, Myanmar)နှင့် ၎င်းကဒ် ထုတ်ပေးသောရက်စွဲမှာ အောက်တိုဘာလ ၁၃ ရက်နေ့ဖြစ်ကာ ၎င်းကဒ်နှင့်အတူ တာကာငွေ (၈၀)အား သိမ်းဆည်းရမိခဲ့သည်။
၁၄၃၀ အချိန် အကြမ်းဖက်ဘင်္ဂါလီ အမျိုးသား အလောင်း အား တောင်ပြိုယာ ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေမှုသေခင်းနှင့်အကြမ်းဖက်ဥပဒေအရ အမှုဖွင့် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
မောင်တောမြို့နယ်၌ အကြမ်းဖက်ဘင်္ဂါလီ အမျိုးသားအလောင်း(၁)လောင်းရရှိမှု
Reviewed by THITHTOOLWIN
on
14:41
Rating: