မိတ္ထီလာမြို့တွင် ပထဝီပထမနှစ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကန်တော်မင်ရပ်၊ ရေကျော် (၇) အပေါက်မှာ အောက်တိုဘာလ ( ၁၄ ) ရက် မနက်ပိုင်းက အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိရတယ်လို့ မိတ္ထီလာမြို့မရဲစခန်း သိရပါတယ်။

 ရေနစ်သေဆုံးသူဟာ မလှိုင်မြို့၊ဇီးဖြူကန်ရွာနေသူဖြစ်ပြီး လက်ရှိမှာ မိတ္ထီလာမြို့၊ မကျီးကုန်းရပ်ကွက်က အေးမေတ္တာ အဆောင်မှာ နေထိုင်ကာ ပထဝီအဝေးသင် တက္ကသိုလ်ပထမနှစ် ကျောင်းသား ဖြစ်ကြောင်းသိရပါတယ်။

 အောက်တိုဘာလ (၁၃) ရက် မနက် (၅) နာရီခွဲခန့်က ရေနစ်သေဆုံးသူဟာ သူငယ်ချင်းဖြစ်သူတွေနဲ့အတူ ရေကျော် (၇) အပေါက်မှာ ရေဆင်းကူးရာက အမှတ်မထင် ရေဝဲ အတွင်းနစ်မြုပ် သွားခဲ့ရာ အောက်တိုဘာ (၁၄) ရက် မနက် (၉) နာရီခွဲမှာ ရေပေါ် ပေါ်လာခဲ့ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ သေဆုံးနေကြောင်းတွေ့ရှိရတာဖြစ်ပါတယ် ။

 ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေနစ် သေဆုံးသူဟာ ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ် မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၃ / ၂၀၁၇)အရ အမှုဖွင့်အရေးယူဆောင်
ရွက်ထားတယ်လို့ သိရှိရပါတယ်။ ဒီသတင်းကို ပဲ့ကိုင်ရှင် (ညောင်လေးပင်) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
မိတ္ထီလာမြို့တွင် ပထဝီပထမနှစ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး မိတ္ထီလာမြို့တွင် ပထဝီပထမနှစ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 15:13 Rating: 5
Powered by Blogger.