ဝက်သားကို ဆေးဆိုးကာ အမဲသားအသွင်ဆောင်ရောင်းသူ အဖမ်းခံရ


၁၉ အောက်တိုဘာ ၂၀၁၇

အမဲသားတကီလို ဘတ် ငွေ ၂၅၀ ဖြစ် (ကျပ်ငွေ ၁၀၀၀၀ကျော်) လာနေတဲ့ ထိုင်းနိုင်ငံမှာ ၀က်သားကို ဆေးဆိုးလိုက်ပြီး အမဲသားလို့ လိမ်ညာ ရောင်းနေတဲ့ ချွန်ဘူရီပြည်နယ်က ဈေးသည်အမျိုးသမီးကို ဒီနေ့ အရေးယူလိုက်ပြီလို့ သိရပါတယ်။

ယခုအသားအရောင်းပြောင်းတဲ့နည်း ဟာ တရုတ်နည်းကို သုံးတာပါ၊ ၀က်သားကို အသင့်လုပ်ပြီးသား ဆိုးဆေးမှုန့် ထုတ်နဲ့  စီရင်လိုက်ရင် နီရဲပြီး အမဲသားအတိုင်း ဖြစ်သွားပါတယ်။ အသားအတွင်းကိုခွဲကြည့်မှ အရောင်မတူတာတွေ့ ရမှာပါ။


အဆိုပါ ဈေးသည်ဟာ နွားပေါ်လို့ ရောင်းတာ ဈေးချိုတယ်ဆိုပြီး ရောင်းနေတာ ကြာနေပြီဖြစ်ပါတယ်၊ ခံရတဲ့သူတွေက အိမ်ရောက်လို့  ဟင်းချက်လိုက်မှ အရောင်ပြောင်းသွားတာ သိရပါတယ်။

ဝက်သားကိုဆေးဆိုးတဲ့ အဆိုပါ ဓါတုဆိုးဆေးဟာ ကျန်းမာရေး ထိခိုက်စေတဲ့ ဓါတ်ပေါင်းတွေပါဝင်နေတာကို ဆေးသုတေသန အဖွဲ့ တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ အမဲသားဈေးကောင်းရနေတာကြောင့် မြန်မာနိုင်ငံကနွားတွေ ကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆု ဒေသ ကန်ချဘူရီ နွားဈေးမှာ ကုန်တင်ကားကြီးတွေ နဲ့  တင်လာသလို-တောလမ်း ကနေလည်း အုပ်လိုက်မောင်း လာပြီး ရောင်းချနေကြပါတယ်။

Social Action for Children and Women - SAW
ဝက်သားကို ဆေးဆိုးကာ အမဲသားအသွင်ဆောင်ရောင်းသူ အဖမ်းခံရ ၀က်သားကို ဆေးဆိုးကာ အမဲသားအသွင်ဆောင်ရောင်းသူ အဖမ်းခံရ Reviewed by THITHTOOLWIN on 03:10 Rating: 5
Powered by Blogger.