ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်က ခြေတော်ရာ ဘုရားတောင်ပေါ်မှာ အောက်တိုဘာလ(၁၄)ရက် ညနေပိုင်းက ဘုရားဖူးလာသူတစ်ဦး မူးလဲကျပြီး သေဆုံးသွားခဲ့တာကြောင့် ကျောက်ကြီးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ သေသူဟာ ပဲနွယ်ကုန်းမြို့၊တပင်ရွှေထီးရပ်ကွက်၊ တပင်ရွှေထီးတောင်ခြမ်းနေသူ (၂၂)နှစ်အရွယ် အမျိုသားတစ်ဦးဖြစ်ပြီး ပဲနွယ်ကုန်းကနေ ကျောက်ကြီးမြို့ကို အဖော်မပါဘဲ တစ်ဦးတည်း ဘုရားဖူး လာရောက်သူဖြစ်ကြောင်း သိရပြီး ခြေတော်ရာဘုရားဂေါပကအဖွဲ့ထံ အလှူငွေ (၅၀၀၀) ကျပ်ထည့်ဝင်လှူဒါန်းပြီးနောက် လှည့်ပြန်စဉ် မှောက်လျက်လဲ ကျသွားတာဖြစ်ပါတယ်။
အဲဒီလိုလဲကျသွားတာကြောင့် ခြေတော်ရာကျောင်းဆရာတော်နဲ့ ခြေတော်ရာဘုရားဂေါပကအဖွဲ့ဝင်တွေက ကျောက်ကြီးဆေးရုံက လူနာတင်ယာဉ် အကူညီတောင်းပြီး ကျောက်ကြီးဆေးရုံကို တင်ဆောင်လာစဉ် ညနေ(၃) နာရီ (၅) မိနစ်ခန့်မှာ ဆေးရုံမရောက်မီ လူနာတင်ယာဉ် ပေါ်မှာပင် သေဆုံးသွားခဲ့ပါတယ်။
အလောင်းကို စစ်ဆေးနိုင်ဖို့ ရဲဆေးစာနဲ့ ကျောက်ကြီးဆေးရုံကိုပို့ ဆောင်စစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ဦးနှောက်သွေးကြောပြတ် သေဆုံးတာဖြစ်ကြောင်း ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံ ဆရာဝန်ကြီးဒေါက်တာ လွင်ဌေးက ဖြေဆိုခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူဟာ ဓမ္မာတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ် စုံစမ်း
စစ်ဆေးဖို့ ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၆ / ၂၀၁၇) အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သိရပါတယ်။ ဒီသတင်းကို ပဲ့ကိုင်ရှင်(ညောင်လေးပင်)ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ကျောက်ကြီးမြို့တွင် ဘုရားဖူးလာသူတစ်ဦး ရုတ်တရတ်လဲကျ သေဆုံးမှုဖြစ်
Reviewed by THITHTOOLWIN
on
15:17
Rating: