ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေရဲစခန်းအပိုင် အောက်တိုဘာ(၁၅)ရက်နေ့ နံနက်တွင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူ ကိုညိုဝင်းသည် သခွတ်ကုန်းကျေးရွာနှင့် မြို့မကျေးရွာသွားသော လမ်းမပေါ်တွင် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း မြို့မအုပ်စု (ရာအိမ်မှူး)ဦးခင်စိုး၊ ဦးမျိုးဆွေ တို့က ဇနီးဖြစ်သူ ဒေါ်ဝင်းလှအား နေအိမ်သို့ သွားရောက် အကြောင်းကြား ခဲ့သည်။
အမျိုးသားဖြစ်သူ ကိုညိုဝင်းသည် မြို့မကျေးရွာသို့ ဖုန်းအားသွင်းရန် ထွက်သွားကြောင်း ဒေါ်ဝင်းလှထံမှသိရပြီး ကိုညိုဝင်းသည် ဘေးတစ်စောင်းအနေအထားဖြင့် ၀ဲဘက်လက်ပြင် မှယာ
ဘက်လည်ပင်းအထိ ပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာဘက်ပါးပြင်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာမျက်လုံးဘေးပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်နားနောက် ပြတ်ရှဒဏ်ရာ(၁)ချက် တို့ဖြင့် သေဆုံးနေ
သည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အောက်တိုဘာ(၁၄)ရက် ည(၇)နာရီအချိန်ခန့်က ဆင်ပေါက်(ခ) စိုးမင်းစံသည် မျိုးမြင့်ထွေး(ခ)ဇော်မျိုးအောင် နှင့်အတူနေအိမ်တွင်ရှိနေစဉ် မြို့မရွာဘက်သို့သွားသော ညိုဝင်း မှဆင်ပေါက်(ခ)စိုးမင်းစံ တို့အား သတ္တိရှိရင် လိုက်ခဲ့ဟုပြောဆိုသွားတယ်လို့ ပြစ်မှုကျုးလွန်သူထံက စစ်ဆေးသိရှိရတယ်"လို့သိရတယ်။
ထိုနောက် ဆင်ပေါက်(ခ)စိုးမင်းစံ မှ မျိုးမြင့်ထွေး(ခ)ဇော်မျိုးအောင်နှင့်အတူ နေအိမ်တွင်ရှိသောကိုင်းခုတ်ဓါးအား ယူပြီးနောက်မှလိုက်သွားကာ ညိုဝင်း အား ကိုင်းခုတ်ဓါးနှင့် ၀ိုင်းဝန်းခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဆင်ပေါက်(ခ)စိုးမင်းစံ (၂၈)နှစ်၊(ဘ)ဦးမောင်စံ၊ သခွတ်ကုန်းကျေးရွာ၊ မြို့မကျေးရွလမ်းဘေး၊ မြို့မအုပ်စု၊ ဝက်ထီးကန်တိုက်နယ်နေသူနှင့် မျိုးမြင့်ထွေး(ခ)ဇော်မျိုးအောင်(၂၈)နှစ်၊(ဘ)ဦးမြင့်သိန်း၊ သရက်ချိုရွာ၊ လဘအုပ်စု၊ပြည်မြို့နယ်နေသူနှစ်ဦးအား ၀က်ထီးကန်နယ်ရဲစခန်း(ပ)၁၀၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပြီး အမှုအား စခန်းမှူး ဇော်တင့်ကြိုင်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ပြည့်သဲမောင်(ပြည်)
ပြည်သတင်း
https://www.facebook.com/pyaynews
ဝက်ထီးကန်မြို့နယ် တွင် လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
08:52
Rating: