အရွယ်မရောက်သေးသူ အမျိုးသမီးငယ်တစ်ဦးကို ဦးလေးဝမ်းကွဲတော်စပ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား


ရန်ကုန် အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် အရွယ် မရောက်သေးသော မိဘအုပ်ထိန်း မှုအောက်ရှိ မိန်းကလေးငယ်တစ်ဦး ကို ဦးလေးဝမ်းကွဲတော်စပ်သူက အလိုမတူဘဲ ခြိမ်းခြောက်အဓမ္မပြု ကျင့်မှုဖြစ်ပွားခဲ့၍ယမန်နေ့က ဒလ မြို့မရဲစခန်းသို့ ဖခင်ဖြစ်သူကတိုင် ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ အားဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိသည်။

ဖြစ်စဉ်မှာ ဒလမြို့ ၁၁/၁၄ ရပ်ကွက်(၅)လမ်းနေ မိန်းကလေး ငယ်၏ဖခင်သည် ယခုလ ၂၅ရက် ည ၉ နာရီက ဆိုင်ကယ်ကယ်ရီ မောင်းပြီး နေအိမ်ပြန်ရောက်စဉ် သမီးဖြစ်သူ မ....(၁၃နှစ်)အား တစ်အိမ်တည်းအတူနေ ဦးလေး ဝမ်းကွဲတော်စပ်သူ မင်းမင်းထွန်း (ခ)ခေါ်တော (၂၃နှစ်)က ယခုလ ၁၂ ရက်မှ ၁၆ ရက်အထိ ညသန်း ခေါင် ၁၂နာရီတွင် အလိုမတူဘဲ အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ပြန် ပြောကသတ်ပစ်မည်ဟုခြိမ်းခြောက် ခဲ့ကြောင်း သမီးဖြစ်သူကပြောပြ၍ ဖခင်ဖြစ်သူသိရသဖြင့် ဒလမြို့မရဲ စခန်းသို့ ယမန်နေ့နံနက် ၁ဝ နာရီ ခွဲကတိုင်ကြားခဲ့သည်။

စခန်းမှူး ဒုရဲမှူး တင်လှက (ပ)၈၅၈/၂ဝ၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၆အရ အမှုရေးဖွင့်၍ အခင်းဖြစ်နေအိမ်သို့ သွားရောက် စစ်ဆေးပြီး မှတ်တမ်းဓာတ်ပုံရိုက် ခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ ပတ် ဝန်းကျင်သက်သေများအား စစ် ဆေးခြင်းပြုလုပ်ကာ မိန်းကလေး ငယ်ကို ရန်ကုန်မှုခင်းဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပေးပို့ခြင်း၊ ဓာတုဗေဒ ဝန်ရုံးသို့ သက်သေခံအဝတ်အစား များပေးပို့ခြင်းများ ဆောင်ရွက်ပြီး မင်းမင်းထွန်း(ခ)ခေါ်တောအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ရဲ တပ်ဖွဲ့ကဆောင်ရွက်လျက်ရှိသည်။

ထွန်းလှ(ဒလ)
The Union Daily
https://www.facebook.com/uniondaily.net/
အရွယ်မရောက်သေးသူ အမျိုးသမီးငယ်တစ်ဦးကို ဦးလေးဝမ်းကွဲတော်စပ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား အရွယ်မရောက်သေးသူ အမျိုးသမီးငယ်တစ်ဦးကို ဦးလေးဝမ်းကွဲတော်စပ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.