ဆိုင်​ကယ်​မ​တော်​တဆမှု ​ပေါင်​မြို့တွင်​ လူ​သေဆုံး


ပေါင်​ ​အောက်​တိုဘာ ၁၅

ကျွဲခြံ​ကျေးရွာ ကားလမ်းမ မိုင်​တိုင်​အမှတ်​ ၁၇၄/၄ အနီးတွင်​ ​အောက်​တိုဘာ၁၆ မနက် ​၉နာရီခွဲအချိန်​က ဆိုင်​ကယ်​၂ စီး တိုက်​မိကာ အမျိုးသမီးတစ်​ဦး​ သေဆုံးပြီး လူ၂ဦးဒဏ်​ရာရရှိသွားသည်​။

သေဆုံးသူမှာ ​ဒေါ်စန်း​အေး ၅၆ နှစ်​ (ဘ)ဦးသိန်း ကျွဲခြံရွာ ​နေသူဖြစ်​သည်​။

မော်​လမြိုင်​ဘက်​မှ ​ပေါင်​မြို့ဘက်​သို့ အရိုး ၂၀ နှစ်​ (ဘ)ဦးမင်း​ဇော်​ ၊ ထန်းပင်​​ချောင်​ကြီးရွာ ​နေသူ၏ဆိုင်​ကယ်​မှ မျက်​နှာချင်းဆိုင်​ကလာ​သော မျိုးကိုကို ၂၈ နှစ်​ (ဘ)ဦးထွန်း​ဝေ မွန်​စုပိုင်း
ကျွဲခြံရွာ​နေသူ​မောင်းလာ​သော ဆိုင်​ကယ်​နဲ့တိုက်​မိခြင်းဖြစ်​သည်​။

မျိုးကိုကို၏ ဆိုင်​ကယ်​​နောက်​မှ ထိုင်​လာသူ ​ဒေါ်စန်း​အေး​ သေဆုံးသွားကာ ကျန်​ဆိုင်​ကယ်​သမား၂​ယောက်​လည်း ဒဏ်​ရာများရရှိသွားခြင်းဖြစ်​သည်​။

အမှုဖြစ်​စဉ်​အ​ပေါ် ​ပေါင်​ရဲစခန်းမှ ယဉ်​​မောင်းမျိုးကိုကိုအား ယာဉ်(ပ)၆၉/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၃၇/၃၃၈အရ အ​ရေးယူထား​ကြောင်း သိရသည်​။

Paung Daily
https://www.facebook.com/paungdaily

ဆိုင်​ကယ်​မ​တော်​တဆမှု ​ပေါင်​မြို့တွင်​ လူ​သေဆုံး ဆိုင်​ကယ်​မ​တော်​တဆမှု ​ပေါင်​မြို့တွင်​ လူ​သေဆုံး Reviewed by THITHTOOLWIN on 15:41 Rating: 5
Powered by Blogger.