အရှိန်လွန် ဆိုင်ကယ် တံတားလက်ယမ်းတန်းနှင့် ပွတ်တိုက်မိ၍ လူ (၃) ဦးသေဆုံး


ရေနံချောင်း အောက်တိုဘာ ၂၈

ရေနံချောင်းမြို့၊ မြို့ရှောင်လမ်းအနီးတွင် အောက်တိုဘာ(၂၇) ရက်နေ့ ညပိုင်းက ဆိုင်ကယ်တစ်စီးအရှိန်လွန်ကာ တံတားလက်ယမ်းတန်း နှင့် ပွတ်တိုက်မိ၍ လူသုံးဦး သေဆုံးခဲ့ကြောင်း လက်မှတ်ကုန်းနယ်မြေ ရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ အောက်တိုဘာ(၂၇)ရက်နေ့ ည(၉)နာရီ ခွဲအချိန်က ရေနံချောင်းမြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၇/၄)အနီး ဆိုင်ကယ် တိမ်းမှောက် ကြောင်းသတင်းအရ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ် မိုးညို သွားရောက်စစ်ဆေးခဲ့သည်။

 ရေနံချောင်းမြို့၊ စက်မှုဇုံဘက် မှ မြို့ရှောင်လမ်းအတိုင်း မကွေးမြို့ဘက်သို့ ဇော်အောင်၊၃၅နှစ်၊လက်မှတ် ကုန်းလမ်းမတော်ရပ်၊ ရေနံချောင်းမြို့နယ်နေသူ မောင်းနှင်လာသော နံပါတ်မပါ ဆူဇူကီး အနက်ရောင်ဆိုင်ကယ်ပေါ်တွင် နောက် မှ ကျော်မိုး၊၃၇နှစ်၊ရွှေကြာငုံကန်ချိုင့်ရပ်၊ ရေနံချောင်းမြို့နယ်နေသူ နှင့် အမည်မသိ(ကျား)၊၂၅နှစ်ခန့် တို့လိုက်ပါလာစဉ် မြို့ရှောင်လမ်းကွေ့အဆင်းတွင် အရှိန်ပြင်းစွာ မောင်းနှင်ခဲ့သဖြင့် ပေ(၆၀)ခန့် ရှိ (ထန်းတပင်)ကွန်ကရစ်တံတားပေါ်တွင် အရှိန်မထိန်းနိုင်ဘဲတစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ တံတားဝဲဘက် လက်ယမ်းတန်းအစပ် မှ တံတားအဆုံးအထိ ပွတ်တိုက်မိခဲ့ပြီး တံတားအထွက် ကမ္ဗည်းမှတ်တိုင်နှင့် ဝင်ရောက် တိုက်မိခဲ့သဖြင့် ဇော်အောင်၊ ကျော်မိုး နှင့် အမည်မသိ၊၂၅နှစ်ခန့်တို့တွင် ဒဏ်ရာအသီးသီးဖြင့် အခင်ဖြစ်နေရာတွင် သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲဆေးစာဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံသို့ ပို့အပ်ထားရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့် ပက်သက်၍ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ဇော်အောင်အား အရေးယူပေးရန် ရဲအုပ် မိုးညို မှ တရားလိုပြု တိုင်ကြားခဲ့၍ ရေနံချောင်းမြို့နယ်၊လက်မှတ်ကုန်းနယ်မြေရဲစခန်းကအမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အရှိန်လွန် ဆိုင်ကယ် တံတားလက်ယမ်းတန်းနှင့် ပွတ်တိုက်မိ၍ လူ (၃) ဦးသေဆုံး အရှိန်လွန် ဆိုင်ကယ် တံတားလက်ယမ်းတန်းနှင့် ပွတ်တိုက်မိ၍ လူ (၃) ဦးသေဆုံး Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.