ရေးမြို့နယ်မှာ စကားများရာကနေ လူသတ်မှုဖြစ်ပွား


ရေး အောက်တိုဘာ ၂၇

မွန်ပြည်နယ် ရေးမြို့နယ် အနောက်ဘက်ကပ္ပလီပင်လယ်ပြင် ဝါးကျွန်းအနီး ရေမိုင် ၄၅ မိုင်ခန့်နေရာတွင်အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၈နာရီ အချိန်က ရေလုပ်ငန်းရှင် ဦးအေးထွန်း စိန်ပိုက်စက်လှေပေါ် ၌ စကားများရာကနေ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရေးမြို့မ ရဲစခန်းထံမှ သိရသည်။

စိန်ပိုက်စက်လှေပဲ့နင်း ဦးပြုံးချိုပါ ၁၈ဦးဖြင့်ငါးဖမ်းလျက်ရှိရာမှ ရေလုပ်သား အောင်အောင် နှင့် ရေလုပ်သား ဇော်ဇော်အောင်နေသူတို့ စက်လှေပေါ်မှာ စကားများရာကနေ အောင်အောင်မှ ငါးဖမ်းစက်လှေပေါ်ရှိ အရိုးမပါ ၆ လက်မဗျက် ၁လက်မရှိ သံဖြတ်လွှဖြင့်ပြုလုပ်ထားတဲ့ ပိုက်ဖါဓါးဖြင့် ထိုးခဲ့ရာ အောင်အောင်ဇော်မှာ ရင်ညွှန်ထိုးသွင်းဒဏ်ရာနဲ့ ယာဘက်လက်မောင်းထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ် မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးမွန်က ပြောသည်။

ဇော်ဇော်အောင်၏ အလောင်းအား ပင်လယ်ပြင်ကနေ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၅နာရီ ခွဲအချိန်အဘော်ကျားတန်းဆိပ်ကမ်းကနေ ရေးဆေးရုံသို့ပို့ဆောင်ပြီးတရားခံအား ရေလုပ်ငန်းရှင်ဦးအေးထွန်းမှ ဥပဒေအရ အရေးယူပေးရန်တိုင်တန်းခဲ့တယ်လို ရေးမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်များနဲ့ပက်သက်၍ ဇော်ဇော်အောင်အား ရေးမြို့မရဲစခန်း မှ အောက်တိုဘာ ၂၇ရက်နေ့မနက် ၆နာရီ ၅၀ မိနစ်အချိန်က အမှုဖွင့် အရေးယူထားပြီးဖြစ်ကြောင်းသိရသည်။

နေမျိုးထွဋ် - ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေးမြို့နယ်မှာ စကားများရာကနေ လူသတ်မှုဖြစ်ပွား  ရေးမြို့နယ်မှာ စကားများရာကနေ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.