တောင်ငူမြို့နယ် အမြန်လမ်းပိုင်းတွင် ယာဉ်တိမ်းမှောက်၊ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၅ ဦး ဒဏ်ရာများရရှိကာ အမျိုးသမီးတစ်ဦးသေဆုံး


တောင်ငူ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဇီးပင်သာအမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင် (၁၅၅/၇ နှင့် ၁၅၆/ဝ ) အကြားတွင် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီခွဲက မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ ယာဉ်မောင်းအပါအဝင် ၄၃ ဦး အနက် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး (နေရပ်လိပ်စာ)စုံစမ်းဆဲ သေဆုံးသွား ခဲ့သည်။

ယင်းဖြစ်ပွားရာသို့ အမြန်လမ်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်းအောင် ကြီးကြပ်၍ ဇီးပင်သာ၊ ဗောဓိကုန်း၊ ဖြူး၊ သာဂရ အမြန်လမ်းရဲစခန်းများမှ စခန်းမှူး ဦးစီးတပ်ဖွဲ့ဝင် များ၊ အမြန်လမ်းအရေးပေါ် ကျန်းမားရေးစောင့်ရှောက်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်များမှ လူမှုရေးစောင့်ရှောက်ရေးအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို နေပြည်တော်၊ တောင်ငူ၊ ရေတာရှည်ဆေးရုံများသို့ ကူညီပို့ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်သို့ ဝေလင်းသူ(၃၂နှစ်) ရေနံသာကျေးရွာ ရွှေပြည်သာရပ် မတ္တရာမြို့ မ္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်သည့် မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် 5M/-သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ဖြတ်တက်ကာ တစ်ဖက် ယာဉ်ကြောအရောက် တိမ်းမှောက်သွားခဲ့ဖြစ်ကြောင်း သိရှိရပြီး ဇီးပင်သာအမြန်လမ်းရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့နယ် အမြန်လမ်းပိုင်းတွင် ယာဉ်တိမ်းမှောက်၊ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၅ ဦး ဒဏ်ရာများရရှိကာ အမျိုးသမီးတစ်ဦးသေဆုံး တောင်ငူမြို့နယ် အမြန်လမ်းပိုင်းတွင် ယာဉ်တိမ်းမှောက်၊ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၅ ဦး ဒဏ်ရာများရရှိကာ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.