ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၌ အောက်တိုဘာ ၁၄ရက်ည ၁၁နာရီ ၅၅မိနစ် အချိန်က ကိုယ်ပိုင်မော်တော်ယာဉ်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီးဆက်လက်မောင်းနှင်ရာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း တောင်မှမြောက်သို့ယာဉ်မောင်း မျိုးသက်အောင် အသက် (၃၆)နှစ် အမှတ်-၈/၂၂ ခိုင်ရွှေဝါလမ်း ပဒံရပ်ကွက် လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသော 4H/--------HONDA FIT အမျိုးအစား မီးခိုးရောင် ကိုယ်ပိုင်ယာဉ်သည် ဘုရင့်နောင်လမ်းထိပ်အနီးအရောက် ဘယ်ဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်(ကယ်ရီ်)မောင်း ကိုသူရ အသက်(၃၄)နှစ် အမှတ်-၂၄ပန်းတိမ်တန်းလမ်း မြို့သစ်အလယ်ရပ်ကွက် သန်လျင်မြို့နယ်နေသူမောင်းနှင်လာသော Fieling 110 အမျိုးအစား လိုင်စင်(စီးစစ်ဆဲ) ဆိုင်ကယ်နှင့်ဝင်ရောက်တိုက်မိခဲ့သည်။
ထိုသိုဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ ကိုသူရတွင် နဖူးထိပ်ပေါက်ပြဲ နှာခေါင်းပွန်း ဘယ်/ညာပါးပွန်း ဘယ်ဘက်ပုခုံးပွန်း ရင်ဘတ်ပွန်း ဘယ်/ညာလက်ခုံပွန်းဒဏ်ရာများရှိပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းလာသော ဦးခင်မောင်မြင့် အသက်(၄၇)နှစ် ဗိုလ်ချုပ်နေဝင်း လမ်း မြို့သစ်အရှေ့ရပ်ကွက် သန်လျင်မြို့နေသူတွင် နဖူးပေါက်ပြဲ နှာခေါင်းပွန်း အပေါ်နုတ်ခမ်းပွန်း ဘယ်/ညာတတောင်ဆစ်ပွန်း ဘယ်/ညာ လက် ခုံပွန်းဒဏ်ရာ ကိုကြည်ခိုင် အသက်(၃၁)နှစ် ဗိုလ်ချုပ်နေဝင်းလမ်း မြို့သစ်အရှေ့ရပ်ကွက် သန်လျင်မြို့နယ်နေသူတွင် ဘယ်ဘက်ဦးခေါင်းပွန်း စုတ် ဘယ်ဘက်မျက်ခုံးပွန်း ဘယ်ဘက်ပါးနာကျင် ဘယ်ဘက်ဒူးနာကျင် ဒဏ်ရာများဖြင့် သန်လျင်အထွေထွေဆေးရုံ၌အတွင်းလူနာ (မစိုးရိမ်ရ) ဖြင့် ဆေးကုသလျှက်ရှိကြောင်းသိရသည်။
အဆိုပါဆိုင်ကယ်အားတိုက်မိပြီးဆက်လက်မောင်းနှင်သွားသောမော်တော်ယာဉ်သည် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ပိတုန်းစမ်းကျေးရွာ အနီးအရောက်လမ်း၏ညာဘက်သို့ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း မျိုးသက်အောင်တွင် ဘယ်ဘက်လက်မနာကျင် ဘယ်ဘက်ခြေမပွန်းဒဏ်ရာဖြင့် သန်လျင်အထွေထွေဆေးရုံတွင် ပြင်ပ လူနာ (မစိုးရိမ်ရ) ဖြင့်ဆေးကုသခဲ့ပြီး ဆိုင်ကယ်နှင့်ကားပျက်စီး ခဲ့သဖြင့် သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ ကိုယ်ပိုင်ယာဉ်မှ ဆိုင်ကယ်အားတိုက်မိပြီး ဆက်လက်မောင်းနှင်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:22
Rating: