ပုပ္ပါးတောင်ကလပ်ကို သွားတဲ့ လမ်းကြောင်းဖြစ်တဲ့ အောင်သိဒ္ဒိကုန်းမှာ မြေကျွံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ပုပ္ပါးတောင်အနီးတ၀ိုက်မှာ ပြီးခဲ့တဲ့ (၅)ရက်လောက်စပြီး အောင်သိဒ္ဒိကုန်းမြေနေရာမှာ (၃)ပေလောက်ရှိတဲ့ အက်ကွဲကြောင်းတွေနဲ့ လမ်းဘေးဆိုင်ခန်းတွေနဲ့ နေအိမ်အချို့မှာ အုတ်နံရံအက်ကွဲမှုတွေ တဖြည်းဖြည်းဖြစ်လာတယ်လို့ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောပါတယ်။
အိမ်သုံးလုံးပြိုကျနိုင်တဲ့အနေအထား ရှိတာကြောင့် ပြောင်းရွှေ့ထားရပြီး ဆိုင်ခန်းအချို့ကတော့ မပြောင်းရွှေ့သေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာလည်း ပုပ္ပါးတောင်ကလပ်ကို သွားရောက်မယ့်သူတွေကို အောင်သိဒ္ဒိကုန်းမရောက်ခင်မှာ ကားတွေကို ရပ်နားခိုင်းထားပြီး လမ်းလျှောက်တက်စေတယ်လို့ ပြောပါတယ်။
ဒီမြေကျွံမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး ဆောက်လုပ်ရေးဦးစီးဌာနကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။လွန်ခဲ့တဲ့ (၁၁)နှစ်လောက်က လည်း ပုပ္ပါးတောင်ကလပ်အရှေ့ဘက်ခြမ်းမှာ မြေကျွံမှုတွေဖြစ်ပွား ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်မှ ဓာတ်ပုံများ
5 PLUS NEWS
https://www.facebook.com/5plusnews/
ပုပ္ပါးတောင်ကလပ် သွားလမ်းမှာ မြေကျွံမှုဖြစ်နေ
Reviewed by THITHTOOLWIN
on
18:08
Rating:
