ကာကွတ် မြို့ကို ခုခံဖို့ ပြင်ထား |
ရေနံတွင်းတွေလို ဗျူဟာ အရ အရေးပါတဲ့ နေရာတွေ ကနေ ကာ့ဒ်တွေ နောက်ဆုတ် မပေးရင် အီရတ် အစိုးရ တပ်တွေက လာတိုက်မယ်လို့ ခြိမ်းခြောက်ထားကြောင်း ကာ့ဒ် စစ်ဘက် အရာရှိ တွေက ဆိုပါတယ်။
ကာ့ဒ်တွေရဲ့ ဒီမိုကရေစီ ရပိုင်ခွင့်ကို အနိုင်ကျင့်ဖို့ နိုင်ငံခြား တိုင်းပြည်တွေက သွေးထိုးပေးနေပါတယ်။ မတရား ခံလာရတာ အနှစ် တရာ ကျော်ပါပြီလို့ အီရတ်က ကာ့ဒ် အရာရှိ တွေက ဆိုပါတယ်။
ဒီလို နောက်ဆုတ်ဖို့ သတ်မှတ်ထားတဲ့ ရက်ချိန်း ပြည့်သွားပေမယ့် အီရတ် အစိုးရ ဘက်က တရက် ထပ်တိုးပေးတယ်လို့ ကာ့ဒ်တွေက ဆိုပါတယ်။
အီရတ် ဘက်ကတော့ ဒီလို ရက်ချိန်း ပေးမထားကြောင်း ငြင်းဆိုပါတယ်။
စနေနေ့ကလည်း ကာကွတ် မြို့နားမှာ အီရတ် အစိုးရ သစ္စာခံတဲ့ ရှီအာ မွတ်ဆလင် တပ်တွေနဲ့ ကာ့ဒ်တွေကြား တိုက်ပွဲ ခဏ ဖြစ်ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကာ့ဒ်နဲ့ အီရတ်တပ်တွေကြား တင်းမာနေ
Reviewed by THITHTOOLWIN
on
08:38
Rating: