မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အဦးကို တွေ့ရစဉ်။ Photo: RFA |
စည်ပင်ကသတ်မှတ်ပေးတဲ့ ခွင့်ပြုချက်ထက်ကျော်ပြီးဆောက်တဲ့ အဆောက်အဦးတွေ၊ ဆောက်လုပ်ခွင့်မတင် ဘဲ ဆောက်လုပ်နေတာတွေ၊ စည်ပင် ခွင့်ပြုချက်မရှိသေးဘဲ ဆောက်လုပ်တာတွေကို ဒဏ်ရိုက်အရေးယူတာဖြစ် တယ်လို့ ဦးဇော်ဝင်း ကပြောပါတယ်။
"အရေးယူတာက ခွင့်ပြုတာထက် ကျော်လွန်ဆောက်တာတွေကို အရေးယူပါတယ်၊ အထပ်ပိုဆောက် တာတို့၊ ဧရိယာပိုကျော်လွန်ပြီးဆောက်တာတို့၊ဒါတွေကိုအရေးယူတယ်၊ ခွင့်ပြုချက်မဲ့ဆောက်တာ အရေးယူတယ်၊ အိမ်ဆောက်မိန့်မတင်ဘဲ ဆောက်တာပေါ့ဗျာ၊ အဲဒါမျိုးလည်းအရေးယူတယ်၊ မြို့ပြဖွံ့ဖြိုးမှုကို စနစ်ကျဖို့ပါ၊ အဓိကဒဏ်ကြေးလိုချင်လို့မဟုတ်ဘူး၊ စည်းကမ်းလိုက်နာစေဖို့ပါ"
စည်ပင်က သတ်မှတ်ခွင့်ပြုထားတဲ့အထပ်ထက် ပိုဆောက်တာတွေကို စစ်ဆေးတွေ့ရှိရင် တစ်ပေပတ်လည် ကို ဒဏ်ကြေးငွေ ကျပ်တစ်သောင်းခွဲ ပေးဆောင်ရတာဖြစ်ပါတယ်။
ခွင့်ပြုချက်မဲ့ ဆောက်လုပ်တာကို စစ်ဆေးတွေ့ရှိရင် တစ်ပေပတ်လည်ကို ဒဏ်ငွေ ကျပ် ၂၅၀၀ နှုန်းနဲ့ ပေးဆောင် ရပါတယ်။
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့မညီဘဲ အဆောက်အဦးဆောက်ရင် အရင်က တစ်စတုရန်းပေကို ကျပ် ၂၀၀ ဒဏ်ရိုက်ရာကနေ ဒီနှစ် ဧပြီလကစပြီး တစ်စတုရန်းပေကို ကျပ် ၁၅၀၀၀ အဖြစ် ဒဏ်ကြေးတိုးမြှင့်လိုက်တာကြောင့် ဒဏ်ကြေးရတဲ့ ပမာဏ များလာတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိရရှိထားတဲ့ ဒဏ်ကြေးငွေတွေကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေအဖြစ် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
စည်းကမ်းချက်နဲ့မကိုက်ညီတဲ့ အဆောက်အဦးတွေကနေ ဒဏ်ကြေးကျပ်သိန်းပေါင်း ၂သောင်းနီးပါးရရှိ
Reviewed by THITHTOOLWIN
on
19:07
Rating: