အင်္ဂလန်က လူ ၄ သောင်းနေ ကန်ဗီးကျွန်းကလည်း လွတ်လပ်ရေးတောင်း

 ကန်ဗီးကျွန်း
အင်္ဂလန်က လူဦးရေ ၄ သောင်းကျော် လောက် နေထိုင်တဲ့ ကန်ဗီကျွန်းက ဒေသခံတွေကလည်း ကက်တလိုးနီးယားမှာလိုပဲ လွတ်လပ်ရေးအတွက် တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ကန်ဗီကျွန်း လွတ်လပ်ရေး ပါတီရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကောင်စီဝင်လည်းဖြစ်တဲ့ Dave Blackwell ကတော့ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ အနာဂတ်အတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်ချင်နေကြတယ်လို့ ပြောပါတယ်။

မိုင်ပေါင်း ၇၀ဝ ဝေးတဲ့ ကက်တလိုးနီးယား ဒေသကနေ အင်္ဂလန်က ကန်ဗီကျွန်းကို ကိုယ်ပိုင်ပြဌာန်းခွင့်ပဲ့တင်သံဟာ ထပ်လာခဲ့တာပါ။

ကန်ဗီးကျွန်းအရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ ဖြစ်စေချင်သလို ဖြစ်ဖို့ ကျွန်မတို့ဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်တွေ ရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ရှင်သန်ဖို့ တခြားနိုင်ငံရေးသမားတွေက ကူညီရမဲ့ အချိန်ကိုလည်း စောင့်မှာ မဟုတ်ပါဘူး။ လို့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

ကောင်စီအတွက် မဲဆန္ဒခံယူပြီဆိုရင် ကျွန်တော်တို့က အမြဲရှုံးတဲ့အတွက် ကျွန်တော်တို့ဟာ လွတ်လပ်သင့်တယ်လို့ ထင်ပါတယ်။ လို့ အမျိုးသားတဦးက ပြောပါတယ်။

ဒီကိစ္စကို ကျွန်တော်ကြားတော့ ဟာသအဖြစ်ပြောတယ်လို့ပဲထင်တာ တကယ်ဖြစ်လာမလားတော့မသိဘူးလို့ လူငယ်တဦးကလည်း ပြောပါတယ်။

အမျိုးသမီးတဦးကတော့ ကျွန်မတို့ဟာ ဒီအတိုင်းပဲ ဆက်နေသင့်တယ်လို့ ထင်ပါတယ်။ ကျွန်မတို့ဟာ ဘေးပတ်ဝန်းကျင်ရဲ့ ကူညီအားပေးမှုတွေ လိုအပ်လိမ့်မယ် လို့ ဆိုပါတယ်။

ကန်ဗီးလွတ်လပ်ရေးအတွက် ဦးဆောင်မယ့် ဒေ့ဗ်ဘလက်ဝဲလ်
Essex နယ်က ကန်ဗီးကျွန်းကို ကောင်စီဝင် ၄၁ ဦးရှိတဲ့ ကာဆယ်ပွိုင့်ကောင်စီက အုပ်ချုပ်တာပါ။ အဲဒီထဲက ၁၅ ဦးဟာ ကန်ဗီကျွန်း လွတ်လပ်ရေး ပါတီက ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ လွတ်လပ်ရေးမရရင်တောင် တန်းတူညီမျှရှိတဲ့ ဒီမိုကရေစီ စနစ်မျိုးရဖို့ လိုလားတာပါ။ ကောင်စီဝင်အရေအတွက်မှာ ညီတူမျှတူရမယ်ဆိုရင် ကျွန်တော်တို့ ဆုံးဖြတ်ခွင့်ရပါပြီ လို့ ဒေ့ဗ်ဘလက်ဝဲလ်က ပြောပါတယ်။

အင်္ဂလန် အရှေ့ပိုင်းမှာရှိတဲ့ အက်ဆက်နယ်ထဲက ကန်ဗီးကျွန်းဟာ ၇ . ၁၂ စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ ကျွန်းဖြစ်ပါတယ်။ ၁၇ ရာစုမှာ အစောပိုင်းမှာဒတ်ခ်ျ အင်ဂျင်နီယာတွေ စတင်အခြေချခဲ့တာပါ။ ကျွန်းရဲ့မြို့ပြကောင်စီဟာ ၁၉၇၄ ခုနစ်မှာ ဖျက်သိမ်းခံရပြီးနောက်မှာတော့ ဘိုရိုကာဆယ်ပွိုင့်ကောင်စီရဲ့ အစိတ်အပိုင်းဖြစ်လာခဲ့ပါတယ်။

ကန်ဗီးဟာ အက်ဆက်နယ်နဲ့ ဆက်သွယ်ဖို့ တံတားနှစ်စင်းနဲ့ လမ်းနှစ်လမ်းသာရှိတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အင်္ဂလန်က လူ ၄ သောင်းနေ ကန်ဗီးကျွန်းကလည်း လွတ်လပ်ရေးတောင်း အင်္ဂလန်က လူ ၄ သောင်းနေ ကန်ဗီးကျွန်းကလည်း လွတ်လပ်ရေးတောင်း Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.