မြဝတီမြို့ ၌ ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် လမ်းလေး၌ရပ်နေသည့် အမျိုးသားတစ်ဦးသေဆုံး


မြဝတီ အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ သင်္ဃန်ညီနောင်၊ ရွာသစ်(၉၀၁)ဝန်းဘေးတွင် ယနေ့ အောက်တိုဘာ ၂၈ ရက်နံနက် ၁နာရီခန့်က ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လမ်းဘေး၌ ရပ်နေသည့် အမျိုးသား တစ်ဦးအား ဝင်ရောက်တိုက်မိခဲ့ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မြဝတီမြို့ မှ ကော့ကရိတ်ဘက်သို့ ယာဉ်မောင်း ချစ်မင်းသန့် မောင်းနှင်သည့် 9k/------ မာစီးတီအမျိုးအစားခဲရောင်ယာဉ်မှာ အခင်းဖြစ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဖြစ်ပြီးလမ်းယာဘက်ဘေးသို့  ထိုးကျကာလမ်းနှင့် ဆယ်ပေခန့်အကွာရှိ ကျွန်းပင်အားဝင်တိုက်မိပြီး ၉၀၁ ဝန်းဘေးကိုဟိန်း၏ ဝပ်ရှော့ရုံအုပ်တံတိုင်း ပေါ်တွင်ကန့်လန့်ဖြတ်တင် လျှက် ရပ်တန့် သွားခဲ့ပြီးလမ်းဘေး၌ ရပ်နေသည့် စစ်မှုထမ်းဟောင်းရပ်၊ ညီနောင်မြို့ သစ်နေထွန်းလင်းမြတ် ၁၈ နှစ်သည်မျက်နှာနှင့် ဦးခေါင်းတွင် ညိုမဲဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ယာဉ်မောင်း ချစ်မင်းသန့်တွင်ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ နဖူးပေါက်ပြဲ၊ ရားပါးပွန်း ဝဲရာလက်မောင်းဖူးယောင်ဒဏ်ရာများဖြင့်လည်းကောင်း၊ယာဉ်ပေါ်ပါသူများဖြစ်သောခေတ္တရွှေကုက္ကိုလ်နေလီဆန်းယီ ၂၃နှစ်သည်နဖူးအနည်းငယ် ပွန်းဒဏ်ရာဖြင့်လည်းကောင်း၊ လီဆီယေး ၂၅ နှစ်သည် နဖူးဝဲဘက်ပွန်း ဒဏ်ရာ၊ဝဲယာပါးပွန်း ဒဏ်ရာ၊ဝဲမျက်ခုံးပွန်း ဒဏ်ရာများဖြင့် လည်ကောင်း၊ လီချန်းအောင် ၂၁ နှစ်သည် ဝဲဘက်ခြေထောက်နာကျင်ဒဏ်ရာများဖြင့် လည်းကောင်းအသီးသီးဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ပါ၍ ယာဉ်အား အရှိန်ပြင်းစွာမဆင်မခြင်မောင်းနှင်းခဲ့ပြီး လူသေဆုံးထိခိုက်ဒဏ်ရာ ရရှိခြင်းများ ဖြစ်စေခဲ့သည့် ယာဉ်မောင်း ချစ်မင်းသန့်အားသင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ထိန်လင်းအောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြဝတီမြို့ ၌ ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် လမ်းလေး၌ရပ်နေသည့် အမျိုးသားတစ်ဦးသေဆုံး မြဝတီမြို့ ၌ ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် လမ်းလေး၌ရပ်နေသည့် အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.