လွှတ်တော်အဆောက်အဦအား ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးရန် စီစဉ်သူများအား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းစုံစမ်း


နေပြည်တော် အောက်တိုဘာ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အရေးကြီးနေရာတစ်ခုဖြစ်သည့် လွှတ်တော် အဆောက်အဦများအား ခွင့်ပြုချက်မရှိဘဲ ဒရုန်းဖြင့် ရိုက်ကူးရန် တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနက ဆောင်ရွက်ခဲ့ သည့်အတွက် သက်ဆိုင်ရာက ခေါ်ယူမေးမြန်း လျက်ရှိကြောင်း သိရသည်။

တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN ၊ စင်္ကာပူနိုင်ငံသား LAU HON MENG၊ စကားပြန် မောင်အောင်နိုင်စိုး(ခ)ရာကွတ် ၊ ယာဉ်မောင်း ဦးလှတင် ပါဝင်သောအဖွဲ့သည် ယနေ့ နံနက် ၉နာရီ မိနစ် ၅၀ ခန့်အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)အနီး၌ ဒရုန်းတစ်စင်းအား လွှတ်တင်နေ ကြောင်း ဆက်သွယ်အကြောင်းကြားချက်အရ ရဲမှူးဆန်းအောင် ဦးဆောင်သော အဖွဲ့က သွားရောက်စစ်ဆေးရာ ၎င်းတို့လေးဦးနှင့်အတူ MAVIC အမျိုးအစား ဒရုန်းခဲရောင်နှင့် Remote Control အားတွေ့ရှိရသည်။


ကနဦးစစ်ဆေးချက်များအရ မြန်မာနိုင်ငံ၏ရှုခင်းများ၊ လှပသောအဆောက် အဦ များ၊ ဘုရား စေတီနှင့် လွှတ်တော်အဆောက်အဦးများကို ရိုက်ကူးခြင်းဖြစ်ကြောင်း၊ လွှတ်တော် အဆောက် အဦအား ရိုက်ကူးရန် ဒရုန်းကို လွှတ်တင်စဉ် လှည့်ကင်းအဖွဲ့မှ စစ်ဆေးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံရုံးနှင့် မလေးရှားသံရုံးများသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လွှတ်တော်အဆောက်အဦအား ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးရန် စီစဉ်သူများအား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းစုံစမ်း လွှတ်တော်အဆောက်အဦအား ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးရန် စီစဉ်သူများအား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းစုံစမ်း Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.