ကွန်ဂိုမှာ လူ ၃ သန်းကျော် အငတ်ဘေး ရင်ဆိုင်နေရပြီ

 ထောက်ပံ့ရိက္ခာခွဲတန်းကို စောင့်မျှော်နေသူ ကွန်ဂို အမျိုးသမီးများ
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ လူပေါင်း ၃ သန်းကျော် အငတ်ဘေးကြုံတွေ့နေရလို့ နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ အကြီးအကဲက ဆော်သြလိုက်ပါတယ်။

စစ်ပွဲကြောင့်ချွတ်ခြုံကျနေတဲ့ ကာဆိုင်းနယ်ကို ရောက်ရှိနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ အကြီးအကဲ ဒေးဗစ် ဘိစ်လေ က ကလေးငယ် အများအပြား အဟာရချို့တဲ့နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အခုချက်ချင်း အကူအညီမရရင် နောက်ထပ် လအနည်းငယ် အတွင်းမှာတင် ကလေးငယ်ပေါင်း သိန်းဂဏန်းတချို့သေဆုံးသွားနိုင်တယ်လို့လည်း သူကဆိုပါတယ်။

ကာဆိုင်းဒေသမှာ အစိုးရစစ်တပ်နဲ့ဖြစ်တဲ့တိုက်ပွဲ အတွင်း တိုင်းရင်းသားခေါင်းဆောင် တယောက်သေဆုံးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် သြဂုတ်လကတည်းက တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။ စစ်ပွဲကြောင့် လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့ပြီး လူပေါင်း တသန်းလောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီလူတသန်းမှာ အများစုဟာ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကွန်ဂိုမှာ လူ ၃ သန်းကျော် အငတ်ဘေး ရင်ဆိုင်နေရပြီ ကွန်ဂိုမှာ လူ ၃ သန်းကျော် အငတ်ဘေး ရင်ဆိုင်နေရပြီ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.