၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၄၅၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ ထီးဆောင်း-အရာတော်လမ်းခွဲ မျက်စိကုဆေးရုံအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ ဗုဒ္ဓရုပ်ပွားတော်များ ဖမ်းဆီးရမိကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ် ကြည်စိုး၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ခင်မောင်ဦး၊ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်စိုးမင်း၊ မြင်းမူမြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းအောင်တို့ ဦးစီးပူးပေါင်းအဖွဲ့တို့မှ လူ(၂)ဦး(စိစစ်ဆဲ) လိုက်ပါမောင်းနှင်လာသော 7F- xxxx (CRV) HONDA ယာဉ်အား သတင်းအရ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ ၀၅၃၀ အချိန် ကန်ဖျားကျေးရွာသွားလမ်း ဇရပ်အနီးတွင် ယာဉ်အားရပ်ထားခဲ့ကာ ယာဉ်ပေါ်ပါ သူများ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းယာဉ်ပေါ်မှ ဉာဏ်တော်အမြင့်(၄)ပေ၊ ဗျက်(၃)ပေခန့်ရှိ ယွန်းဖြင့်ပြုလုပ်ထားသော ထိုင်တော်မူရုပ်ပွားတော်(၁)ဆူ (ပလ္လင်ပါ)၊ ဉာဏ်တော်အမြင့်(၃)ပေ (၃)လက်မ၊ ဗျက်(၁၅)လက်မခန့်ရှိ ရပ်တော်မူကျောက် ဆင်းတုရုပ်ပွားတော်(၁)ဆူ (ပလ္လင်ပါ)၊ ဉာဏ်တော်အမြင့်(၄၂)လက်မ၊ ဗျက်(၁၈)လက်မခန့်ရှိ ရပ်တော်မူကျောက် ဆင်းတုရုပ်ပွားတော် (၁)ဆူ (ပလ္လင်ပါ)၊ အလျား (၁၈)ပေ၊ အနံ(၁)ပေခန့်ရှိ သာသနာ့အလံ(၁)ခု၊ ဖန်ဂေါ်လီသီး(၂၈)လုံး၊ (၁၆)မီတာပါ ပေကြိုး(၁)ဗူး၊ လက်ကိုင်ဖုန်း(၁)လုံးတို့ရှာဖွေတွေ့ရှိ၍ ၁၂၁၅ အချိန် မြင်းမူမြို့မရဲစခန်း (ပ)၁၁၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၉၅/၃၈၀/ကျင့် ၅၄(ဘာသာသာသနာအား ဖျက်ဆီးမှု၊ ခိုးမှုမသင်္ကာ)ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးစုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar
မြင်းမူမြို့နယ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ ဗုဒ္ဓရုပ်ပွားတော်များ စစ်ဆေးတွေ့ရှိမှု
Reviewed by THITHTOOLWIN
on
14:42
Rating: