အစ္စလာမ်စစ်သွေးကြွတွေ ဆန့်ကျင်တိုက်ခိုက်ရေးကို အရှိန်မြှင့်တဲ့အနေနဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက ပူးတွဲလေကြောင်း ကင်းလှည့်ရေး အစီအစဉ်ကို ဒီကနေ့ စတင်လိုက်ကြပါတယ်။
၃ နိုင်ငံ ပူးပေါင်း ရေကြောင်းကင်းလှည့်ရေး အစီအစဉ်ဖော်ဆောင်ပြီး ၄ လအကြာမှာ လေကြောင်းပူးတွဲ ကင်းလှည့်တဲ့အစီအစဉ်ကို အခုလို စတင်လိုက်တာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ကို သိမ်းပိုက်ထားတဲ့ အိုင်ဆက် ISIS အကြမ်းဖက်အဖွဲ့သစ္စာခံ အစ္စလာမ်အစွန်းရောက်တွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးဝင်ရောက်နေတာကို ကာကွယ် တားဆီးနိုင်ဖို့အတွက် ကင်းလှည့်ရေးအစီအစဉ်ကို အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မာရာဝီမြို့သိမ်းပိုက်ခံရမှုကြောင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အိုင်ဆက်အဖွဲ့ရဲ့ အကြမ်းဖက်ဝါဒ အမြစ်တွယ်လာမှာကို စိုးရိမ်မှုတိုးပွားလာနေပါတယ်။
မာရာဝီဖြစ်စဉ်ကို ကြည့်ရင် ဒေသခံအကြမ်းဖက်အဖွဲ့တွေဟာ အိုင်ဆက်အဖွဲ့နဲ့ ချိတ်ဆက်လုပ်ဆောင်လာတာ၊ နယ်စပ်ဒေသတွေကို ထိုးဖောက်အသုံးချလာတာတွေကို ဖော်ပြနေတယ်လို့ မလေးရှား ကာကွယ်ရေး ဝန်ကြီး ဟီရှန်မူဒင် ဟူစိန်က ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေ လေကြောင်းကင်းလှည့်မှုစတင်
Reviewed by THITHTOOLWIN
on
23:42
Rating: