ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၂၁
ပြည်ကြီးမဏ္ဍိုင်မြို့၊ ကော့သောင်း မြိတ်မော်တော်ကားလမ်းတွင် ကင်တာမော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်တစ်စီး အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း က ယာဉ်တိုက်မှုဖြစ်ပွားရာ မော်တော်ဆိုင်ကယ် မောင်းနင်သူပွဲခြင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားသည်။
ဖြစ်စဉ်မှာအဆိုပါနေ့ နံနက်ပိုင်း က ဇော်ဦး အသက်၄၃နှစ် ၊ ဗိုလ်ချုပ်လမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်းမြို့နေသူသည် ကင်တာမော်တော်ယာဉ်အဖြူရောင်ယာဉ်အမှတ်4M/-----ဖြင့်ကုန်ပစ္စည်းများတင်ဆောင်လျှက် တနသာင်္ရီမြို့ မှကော့သောင်းမြို့သို့ ထွက်ခွာလာရာ ပြည်ကြီးမဏ္ဍိုင်မြို့ ရွာသာယာကျေးရွာမိုင်တိုင်အမှတ် ၉၁သို့အရောက် ရွာသာယာကျေးရွာနေမင်းစိုး အသက်၂၃နှစ်(ဘ)ဦးအောင်ဝင်းသည်Wave 110အနက်ရောင် ယာဉ် အမှတ်မရှိဖြင့် ၄င်း၏ကလေးများအား ခဲချောင်းကျေးရွာမူလွန်ကျောင်းသို့ သွားရောက်ပို့ ဆောင်ပြီး အပြန် မော်တော်ယာဉ်၏ ဘယ်ဖက်ခြမ်းအား လမ်းမှားဝင်ရောက်တိုက်မိကာ ဦးခေါင်းတွင် ၄လက်မခန့်ကွဲအက်သွေးထွက်ဒဏ်ရာဖြင့် နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းမှ ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီးလမ်းမှားဝင်ရောက်တိုက်မိသည့် မင်းစိုးအား စခန်းမှူးရဲအုပ်အောင်လွင်မှ တရားလိုပြုလုပ်အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)
ပြည်ကြီးမဏ္ဍိုင်မြို့တွင် မော်တော်ယာဉ် နှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:42
Rating:
