သရက်-ပြည်ကားလမ်းဘေးတွင် ဆိုင်ကယ်ပြုပြင်နေသူနှစ်ဦး ခရီးသည်တင်ယာဉ် ဝင်တိုက်မိ၍ တစ်ဦး သေဆုံး


ကံမ အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်းရှိ သရက်-ပြည်ကားလမ်းမပေါ်တွင် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက သရက်-ရန်ကုန်ပြေးဆွဲနေသော ခရီးသည်တင် Expressယာဉ်မှ လမ်းဘေး ချပြီး ဆိုင်ကယ်ပြုပြင်နေသူနှစ်ဦးကို အရှိန်လွန်ဝင်တိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယင်း နေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်အချိန်ခန့်က ပြည့်ဖြိုးလွင်(၃၁)နှစ်၊ ပြည်တော်အေးရက်ကွက်၊ သရက်မြို့ နေသူမောင်းနှင်လာသည့် 5E/-------ခရီးသည်တင်ယာဉ်သည် သရက်မြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာ စဉ် ကံမမြို့နယ်၊ ပယ်ကျကျေးရွာအနီး မိုင်တိုင် ၁ဝ/၇ နှင့် ၁၁/ဝ အကြားအရောက် ကားလမ်းဘေး တွင် ဆိုင်ကယ်ရပ်၍ ပြုပြင်နေကြသော ဝင်းဇော်ထွန်း(၃ဝ)နှစ်၊ပေပင်ကျေးရွာ၊ ကံမမြို့နယ်နေသူနှင့် ကျော်ခိုင်လင်း(၃၂)နှစ်၊ စစ္စရံကျေးရွာနှစ်ဦးအား အရှိန်လွန် ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဝင်းဇော်ထွန်းမှာ ရရှိ သော ဒါဏ်ရာများဖြင့် နေရာ၌ သေဆုံးသွားခဲ့ပြီး ကျော်ခိုင်လင်း တွင်(မစိုးရိမ်ရ)ဒါဏ်ရာများ ရှိသွားခဲ့၍ ကံမမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သရက်-ပြည်ကားလမ်းဘေးတွင် ဆိုင်ကယ်ပြုပြင်နေသူနှစ်ဦး ခရီးသည်တင်ယာဉ် ဝင်တိုက်မိ၍ တစ်ဦး သေဆုံး သရက်-ပြည်ကားလမ်းဘေးတွင် ဆိုင်ကယ်ပြုပြင်နေသူနှစ်ဦး ခရီးသည်တင်ယာဉ် ဝင်တိုက်မိ၍ တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.