မင်းလှမြို့နယ်တွင် အသတ်ခံရသည့် လူသေအလောင်းတွေ့ရှိ


မင်းလှ အောက်တိုဘာ ၂၉

သရက်ခရိုင် မင်းလှမြို့နယ် မြေခြားကျေးရွာအနီးတွင် အောက်တိုဘာလ ၂၇ ရက်က အသတ်ခံရသည့် လူသေအလောင်းအားတွေ့ရှိခဲ့ ကြောင်း ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၇ ရက် မွန်းလွဲ ၂နာရီက ရေနံမနယ်မြေ ရဲစခန်းမှူးရဲအုပ်မျိုးမင်းထွန်းသည် တာဝန်ဆောင်ရွက်နေစဉ် မင်းလှ မြို့နယ်မြေခြားကျေးရွာ၏အနောက် မြောက်ဘက်(၄)မိုင်ခန့်အကွာ လှည်းလမ်းဘေးတွင် လူတစ်ဦး သေဆုံးနေကြောင်းမြေခြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ရွှေက ဖုန်းဆက်သတင်းပေးချက်အရသွား ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာဟန်ဇော်ဝင်း(ခ) သံဒိုး(၃၅နှစ်) မကျီးပင်တဲတိုက် ကျွန်းပြားကျေးရွာ မင်းဘူးမြို့နယ် နေသူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ပြီး မြေခြားကျေးရွာမှ ၄င်းနေထိုင် သည့် တဲတိုက်သို့အပြန် ကျောက် တံခါးရေနံမှော်သို့သွားသည့်လှည်း လမ်းဘေး၌ ဟန်ဇော်ဝင်း(ခ)သံဒိုး တွင် ဦးခေါင်းထိပ်နှင့် လည်ပင်း ဝဲဘက်တွင် ငါးလက်မခန့် ပြတ်ရှ ဒဏ်ရာတစ်ချက်စီဖြင့် သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဟန် ဇော်ဝင်း(ခ)သံဒိုးအား သေဆုံး အောင်ပြုလုပ်သူကို စုံစမ်းဖော် ထုတ်အရေးယူပေးရန် ရဲအုပ်မျိုး မင်းထွန်းက တရားလိုပြုတိုင်ကြား ခဲ့၍ မင်းလှမြို့နယ် ရေနံမနယ်မြေ ရဲစခန်းမှ (ပ)၉၁/၂ဝ၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net/
မင်းလှမြို့နယ်တွင် အသတ်ခံရသည့် လူသေအလောင်းတွေ့ရှိ မင်းလှမြို့နယ်တွင် အသတ်ခံရသည့် လူသေအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.