အသံချဲစက် ဆူညံစွာမဖွင့်ဖို့ တားမြစ်တဲ့ ရဲ နှင့် ရပ်ကွက်လူကြီးများ ဆဲဆိုထိုးကြိတ်ခံရသဖြင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မြရိပ်ညို (၅)လမ်းထောင့်ရှိ ဘုံကထိန်အလှူခံ မဏ္ဍပ်တွင် အောက်တိုဘာလ ၂၇ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က အသံချဲ့စက် ဆူညံစွာဖွင့်ပြီး ကခုန်နေသည့်အဖွဲ့ကို သွားရောက် တားမြစ်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဆဲဆိုထိုးကြိတ် ခံခဲ့ရကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါ ဘုံကထိန် အလှူခံမဏ္ဍာပ်တွင် အသံချဲစက်များ ဆူညံစွာဖွင့်လှစ်၍ ကျော်ဇင်လေး ပါ လူငယ် ၃၀ ဦးခန့် ကခုန်ပြီး ပတ်ဝန်းကျင်အား အနှောင့်အယှက်ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ သွားရောက် တားမြစ်ခဲ့သော်လည်း ဆက်လက်ကခုန်နေကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်နယ်ထိန်း ရဲဒုတပ်ကြပ် ထက်ပိုင်ဝင်း၊ ရဲတပ်သား ကြည်ဖြိုးကြည်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ ထပ်မံ သွားရောက်တားမြစ်ခဲ့ရာ ကျော်ဇင်လေးမှ ရဲဒုတပ်ကြပ်ထက်ပိုင်ဝင်းအား လက်သီးဖြင့် ထိုးခဲ့သဖြင့် မေးရိုးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 ရဲဒုတပ်ကြပ်ထက်ပိုင်ဝင်းမှ ၎င်းနှင့်အတူပါရှိသည့် ပန့်အက်ရှင် သေနတ်ဖြင့် လူစုခွဲရန် မိုးပေါ်သို့ တစ်ချက် ထောင်ပစ်ခဲ့သော်လည်း ကျော်ဇင်လေးပါ လူငယ် ၃၀ ဦးအဖွဲ့မှ ထပ်မံရန်ပြုရန် ၀ိုင်းအုံလာသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျော်ဇင်လေး၏ ၀မ်းဗိုက်၊ ၀ဲလက်ဖျံ၊ ၀ဲလက်မောင်းတို့တွင် ထိမှန်၍ ပေါက်ပြဲဒဏ်ရာများရရှိကာ ကျော်ဇင်လေး ပါ ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး  လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်

အသံချဲစက် ဆူညံစွာမဖွင့်ဖို့ တားမြစ်တဲ့ ရဲ နှင့် ရပ်ကွက်လူကြီးများ ဆဲဆိုထိုးကြိတ်ခံရသဖြင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး အသံချဲစက် ဆူညံစွာမဖွင့်ဖို့ တားမြစ်တဲ့ ရဲ နှင့် ရပ်ကွက်လူကြီးများ ဆဲဆိုထိုးကြိတ်ခံရသဖြင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.