တပ်ကုန်းမြို့နယ်မှာ ဖခင်ဖြစ်သူအား သားအရင်းမှ ဓာတ်ဆီလောင်းမီးရှို့သတ်မှုဖြစ်ပွား


နေပြည်တော် အောက်တိုဘာ ၂၇

နေပြည်တော် တပ်ကုန်းမြို့နယ်၊ ကြိုကြာအင်းကျေးရွာတွင် အောက်တိုဘာ (၁၃)ရက် ညနေက ဖခင်ဖြစ်သူအား သားအရင်းမှ ဓါတ်ဆီလောင်း မီးရှို့သတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၁၃)ရက် ညနေက ကြိုကြာအင်းကျေးရွာနေဦးဘိုခင်(၇ဝ)နှစ်သည်နေအိမ်အောက်၌ အရက်သေစာများသောက်စားနေရင်း သားသမီးများအား ဆဲဆိုကြိမ်းမောင်းပြောဆိုနေသဖြင့် နေအိမ်တွင်ရှိနေသော သားအရင်းဖြစ်သူ ညွန့်ဦးမောင်(၂၅)နှစ်သည် ဖခင်အားဓါတ်ဆီဖြင့်လှမ်းပက်ကာ မီးခြစ်ဖြင့်မီးရှို့သတ်ခဲ့သည်။

 ထိုအချိန်တွင် ရွာအပြင်ခြံထဲနွားစာရိတ်နေကြသော မိခင်ဒေါ်စောကြည်နှင့်သားကြီး ဦးမောင်မြင့်တို့ သတင်းကြား၍ ပြန်လာကြရာ ဦးဘိုခင်သည် နေအိမ်အောက်၌ မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ ပေါင်တို့တွင် အရေပြား မီးလောင်ဒါဏ်ရာများရရှိထားသဖြင့် တပ်ကုန်း ကုတင်(၁ဝဝ)ဆေးရုံသို့တင်ပို့ကုသခဲ့ရာ အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်က သေဆုံးသွားသဖြင့် သားဖြစ်သူ တရားခံ ညွန့် ဦးမောင် အား တပ်ကုန်းမြို့မ ရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

တင်ထွန်းတာ(တပ်ကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တပ်ကုန်းမြို့နယ်မှာ ဖခင်ဖြစ်သူအား သားအရင်းမှ ဓာတ်ဆီလောင်းမီးရှို့သတ်မှုဖြစ်ပွား တပ်ကုန်းမြို့နယ်မှာ ဖခင်ဖြစ်သူအား သားအရင်းမှ ဓာတ်ဆီလောင်းမီးရှို့သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.