တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ ညလွှတ်မီပုံးပျံနှင့် နေ့လွှတ်အရုပ် ၃၉၃လုံး လွှတ်တင်မည်

တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၆ရက်ညကကျင်းပခဲ့ပြီး မီးပုံးပျံများလွှတ်တင်နေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)
    ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

    ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ ညလွှတ် မီးပုံးပျံ စုစုပေါင်း ၁၂၇လုံး၊ နေ့လွှတ်အရုပ် ၂၆၆လုံး၊ စုစုပေါင်း ၃၉၃လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်တွင် ညလွှတ် ညမီးကြီး ၈၈လုံး၊ စိန်နားပန် ၃၉လုံးနှင့် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၄၄လုံး၊ ခြေလေးချောင်း ၇၂လုံး၊ အုပ်စု အလုံး၅၀၊ ညလွှတ် မီးပုးံပျံ စုစုပေါင်း ၁၂၇လုံး၊ နေ့လွှတ်အရုပ် ၂၆၆လုံး၊ စုစုပေါင်း ၃၉၃လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲ၌ မီးရှူးမီးပန်းများပစ်ဖောက်ကာ စိန်နားပန်မီးပုံးပျံ အကြီးနှစ်လုံးနှင့် မီးပုံးပျံငယ် ၂၅၀၀တို့လွှတ်တင်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ ညလွှတ်မီပုံးပျံနှင့် နေ့လွှတ်အရုပ် ၃၉၃လုံး လွှတ်တင်မည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ ညလွှတ်မီပုံးပျံနှင့် နေ့လွှတ်အရုပ် ၃၉၃လုံး လွှတ်တင်မည် Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.