မြောက်ကိုရီးယား အရေး သံတမန်နည်းနဲ့ ဖြေရှင်းလိုတဲ့ တေလာဆင် |
ဒါဟာ မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်လို့ သူနဲ့ သမ္မတ ထရမ့်ကြား စိတ်ဝမ်း ကွဲပြားမှု မရှိဘူး ဆိုတာ ပြသလိုက်တာဘဲ ဖြစ်ပါတယ်။
သူ့အဆိုအရ ပထမဆုံး ဗုံးမကြဲခင် အချိန် အထိ သံတမန်နည်းနဲ့ ဆက်လက် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ မစ္စတာ တေလာဆင်က စီအန်အန် နဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းကတော့ သမ္မတ ထရမ့် က မစ္စတာ တေလာဆင်ကို ကင်ဂျုံအွန်း နဲ့ ဆွေးနွေးဖို့ အချိန်ဖြုန်းမနေနဲ့လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
တခါ မစ္စတာ ထရမ့် ကို ကျပ်မပြည့်သူ ဉာဏ်နည်းသူလို့ ပြောဆိုခဲ့သလား ဆိုတဲ့ အမေးကို စီအန်အန်က မေးမြန်းရာ မစ္စတာ တေလာဆင်က တစုံတရာ တုန့်ပြန် ပြောဆိုတာ မရှိခဲ့ပါဘူး။
အီရန်နဲ့ နျူကလီးယား ဆိုင်ရာ နိုင်ငံတကာ စာချုပ်ကို အမေရိကန်က ဆက်လက် ထားရှိလိုတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆင် ကော ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟေလီ ကပါ ပြောကြားခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အမေရိကန်တို့ လက်မှတ်ထိုးခဲ့တဲ့ အီရန် နျူကလီးယား စာချုပ်ကို ဆက်ပြီး ထောက်ခံမှု ပေးဖို့ ငြင်းဆိုခဲ့တဲ့ မစ္စတာ ထရမ့်ရဲ့ ရည်ရွယ် ပြောဆိုချက်ကို သူတို့နှစ်ယောက်က စောဒက တက်ခဲ့ပါတယ်။
မစ္စတာ ထရမ့် ရဲ့ လုပ်ရပ်အပေါ် အီရန်နဲ့ ဒီစာချုပ်မှာပါတဲ့ တခြား အဖွဲ့အစည်းတွေကလည်း ဝေဖန် ပြောဆိုနေပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယား အရေး သံတမန်နည်းနဲ့ ဖြေရှင်းလို
Reviewed by THITHTOOLWIN
on
14:41
Rating: