ကျောင်းအုပ်ဆရာအိမ်၌ငွေ (၂၃) သိန်း ဖောက်ထွင်း ခိုးယူသောတရားခံ ၂ ဦးအား နေ့ချင်းဖော်ထုတ်ဖမ်းဆီးရမိ


ခင်ဦး(အောက်တိုဘာ-၂၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာ အခြေခံပညာမူ/လွန်ကျောင်းအုပ်ဆရာ အိမ်၌ ငွေကျပ် (၂၃) သိန်း ဖောက်ထွင်းခိုးယူသော တရားခံ ၂ ဦးအား နေ့ချင်းဖော်ထုတ် ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ထံမှ သိရှိရသည်။


ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာ အခြေခံပညာမူ/လွန် ကျောင်းအုပ်ဆရာ ဦးဝင်းမြင့်နှင့် ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ဖြူဖြူဝင်းတို့သည် အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီက နေအိမ်အပေါ်ထပ်နှင့်အောက်ထပ်ရှိ လူဝင်တံခါးပေါက်များအားသော့ခတ်ပြီး ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ဖြူဖြူဝင်းမှာ မြို့နယ်ပညာရေးမှူးရုံးသို့ ရုံးလုပ်ငန်းဖြင့်သွား၍ ကျောင်းအုပ်ဆရာ ဦးဝင်းမြင့်မှာ စာသင်ကျောင်းသို့ သွားခဲ့သည်။


 နေ့လယ် ၁၂ နာရီကျောင်းဆင်း အိမ်သို့ပြန်လာရာ အိမ်အပေါ်ထပ်တက်သော လှေကားခြေရင်းရှိ အနောက်ဘက်လူဝင်ပေါက်တံခါးဟနေသည်ကို မသင်္ကာ၍ အပေါ်ထပ်သို့တက်ကြည့်ရာ လှေကားထိပ်အနီးတွင်ထားသော သံသေတ္တာမှာသော့ပွင့်နေသဖြင့် သံသေတ္တာအတွင်း အနှစ်နှစ် အလလ ချွေးနည်းစာဖြင့် စုဆောင်းထားသော ငွေစက္ကူရောရာ (၂၃) သိန်းကျော် ပျောက်ဆုံးသွား၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်သိန်းအား အသိပေးပြီး သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့သို့ တိုင်တန်းရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင် တို့ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များသည့် အချိန်နှင့်တပြေးညီ သွားရောက်စစ်ဆေးစုံစမ်းရာ ညနေ ၆ နာရီခန့်တွင် မသင်္ကာသူ တရွာထဲနေ ဇော်မင်းနိုင် နှင့် စိုးသန်း တို့နှစ်ဦးအားစစ်ဆေးရာမှ ခိုးယူခဲ့ကြောင်းပေါ်ပေါက်၍၊ ၎င်းတို့ခိုးယူခဲ့သော ငွေကျပ် ၂၃ သိန်းဝှက်ထားသောနေရာများကို လိုက်လန်ပြသ သဖြင့် သက်သေများရှေ့တွင် ရှာဖွေသိမ်းဆည်းခဲ့သည်။


၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ မြို့မရဲစခန်းမှ ဇော်မင်းနိုင် ၃၄ နှစ် နှင့် စိုးသန်း ၄၇ နှစ် သရက်ကုန်းကျေးရွာ ခင်ဦးမြို့နယ်နေသူတို့ နှစ်ဦးအား အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ချစ်စံ(ခင်းဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောင်းအုပ်ဆရာအိမ်၌ငွေ (၂၃) သိန်း ဖောက်ထွင်း ခိုးယူသောတရားခံ ၂ ဦးအား နေ့ချင်းဖော်ထုတ်ဖမ်းဆီးရမိ ကျောင်းအုပ်ဆရာအိမ်၌ငွေ (၂၃) သိန်း ဖောက်ထွင်း ခိုးယူသောတရားခံ ၂ ဦးအား နေ့ချင်းဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.