ငပုတော အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် သုံးခွနယ်မြေ ရဲစခန်း အပိုင်၊ သင်္ကန်းကုန်းကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာနေ ကိုအောင်မြင့်သိန်း၏ နေအိမ်တွင် အောက်တိုဘာ ၁၅ ရက် နံနက်(၀၅း၃၀)အချိန်ခန့်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ကိုအောင်မြင့်သိန်းသည် ၎င်း၏ဇနီးဖြစ်သူဒေါ်မြဌေးနှင့် လင်မယားချင်း စကားများရန်ဖြစ်ရာမှ နေအိမ်မီးဖိုချောင်အတွင်းရှိ အရိုးအသွား(၁၈)လက်မခန့်ရှိ ဓားဦးချွန်နှင့် ခုတ်ရာ ဒေါ်မြဌေးတွင် ဦးခေါင်းယာဘက် ချိုစောင်း(၄)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလက်မောင်းရင်း(၂)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲပါး(၂)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိပြီး မီးဖိုချောင်အတွင်း သေဆုံးနေကြောင်းသိရှိရပါသည်။
အဆိုပါလူသတ်မှုအား ဆယ်အိမ်မှူးဦးတင်ထွန်းမှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ သုံးခွနယ်မြေရဲစခန်းမှ(ပ)၅၈/၂၀၁၇၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး၊ အမှုအား နယ်မြေရဲစခန်းမှူးရဲအုပ်အောင်အောင်မှ စစ်ဆေးကာတရားခံဖြစ်သူအောင်မြင့်သိန်းအားအောက်တိုဘာ ၁၅ ရက် (၁၀း၁၅)အချိန်တွင် ဖမ်းဆီးရမိ သဖြင့် စစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။
လှမင်းထွဋ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လင်မယားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:34
Rating: