နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များကို ပြင်ဦးလွင် ပြည်သူလူထုက ထောက်ခံပွဲကျင်းပ
ပြင်ဦးလွင် အောက်တိုဘာ ၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များကို ပြင်ဦးလွင် ပြည်သူလူထုက ထောက်ခံ ပွဲကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ဝ နာရီက ပြင်ဦးလွင်မြို့ မန္တလေး- လားရှိုးလမ်း ကျောက်တိုင်ကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော ပြည်သူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ထောက်ခံ ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များကို ပြင်ဦးလွင် ပြည်သူလူထုက ထောက်ခံပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို အသေးစိတ် ရှင်းလင်းတင်ပြခြင်း၊ တိုင်းရင်းသား၊ ပရဟိတ နှင့် ဘာသာရေးအသင်းအဖွဲ့များက ထောက်ခံစကားပြော ကြားခြင်း၊ ပြင်ဦးလွင်ဇာတိမြို့ခံ ပြည်သူတစ်ဦးက ထောက်ခံ စကားပြောကြားခြင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံထောက်ခံရေး တို့အရေး ---- တို့အရေး ၊ အကြမ်းဖက်ဝါဒကျဆုံးရေး တို့အရေး --- တို့ အရေး ၊ (၂၁ )ရာစု ပင်လုံ ညီလာခံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အောင်ရမည် အောင်ရမည် ဟူသော ကြွေးကြော်သံများဖြင့် သံပြိုင်ဟစ်ကြွေးခဲ့ပြီး ထောက်ခံပွဲသို့ အင်အား ၁ဝဝဝ ခန့်တက် ရောက်ခဲ့ကြောင်းသိရသည်။
ဇော်မျိုးထိုက်(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များကို ပြင်ဦးလွင် ပြည်သူလူထုက ထောက်ခံပွဲကျင်းပ
Reviewed by THITHTOOLWIN
on
08:28
Rating: