လက်ပံတန်း အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရေကြည်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အောက်တိုဘာ ၁၄ရက် ည ၁၁နာရီ အချိန်ခန့်က အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ သာရဝေါတိုက်နယ်ဆေးရုံသို့ ပိုးသတ်ဆေးသောက်၍သေဆုံးနေသည့် အမျိုးသမီး အလောင်း (၁)လောင်း ရောက်ရှိနေကြောင်း ဖုန်းဖြင့်အကြောင်းကြားသဖြင့် သာရဝေါရဲစခန်းမှ ဒုရဲအုပ် မင်းမင်းဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မနှင်းသီရိကျော်(၂၁)နှစ် ကွမ်းခြံလုပ်ငန်း၊ သာယာကုန်းကျေးရွာ၊ ရေကြည်အုပ်စုနေသူဖြစ်ပြီး ပါးစပ်မှပိုလိုပိုးသတ်ဆေးနံ့ရရှိ၊ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရပြီး အနီးတွင်ရှိသော ၎င်း၏ခင်ပွန်းဖြစ်သူ ကျော်မင်းထက်အား မေးမြန်းကြည့်ရာ စီးပွားရေးအကြပ်အတည်းကြောင့် မိသားစုအဆင်မပြေဖြစ်ကာ နေအိမ်တွင် ပိုလိုပိုးသတ်ဆေး သောက်လိုက်သဖြင့် သာရဝေါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပြီး စုံစမ်းစစ်ဆေးအရေးယူပေးပါရန် ဒုရဲအုပ် မင်းမင်းဦးမှ တရားလိုပြုလုပ်တိုင်တန်းသောကြောင့်အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စီးပွားရေးကြပ်တည်းသဖြင့် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍သေဆုံး
Reviewed by THITHTOOLWIN
on
18:39
Rating: