ပဲခူးမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင် ကျုံပကန်ကျေးရွာ၊ ကျိုက်ဒေးယုံကျေးရွာအုပ်စုတွင် (၁၃.၁၀.၂၀၁၇) အောက်တိုဘာလ ၁၃ရက်နေ့ ညနေ (၆း၃၀)အချိန်ခန့်က လင်မယားခြင်းစကားများရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ဦးသန်းငွေ(၅၁)နှစ်၊ ကျုံပကန်ကျေးရွာ၊ ကျိုက်ဒေးယုံကျေးရွာအုပ်စု၊ ပဲခူးမြို့နယ်နေသူမှ ဇနီးဖြစ်သူ ဒေါ်ဌေးဌေး(၄၁)နှစ်၊ ကျုံပကန်ကျေးရွာ၊ ကျိုက်ဒေးယုံကျေးရွာအုပ်စု၊ ပဲခူးမြို့နယ်နေသူအား လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲကာ တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ကြကြောင်း သိရသည်။
ရန်ဖြစ်စဉ် ဦးသန်းငွေမှ သစ်သားရိုး အရှည်(၃)ပေ၊ ပေါက်ပြားဖြင့် ခုတ်ခဲ့ရာ ဒေါ်ဌေးဌေးတွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ သွေးထွက် ဒဏ်ရာရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ လမ်းတွင် သေဆုံး သွားခဲ့သဖြင့် စခန်းမှ(ပ)၈၃၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
Ko Thant Zin
လင်မယားချင်းစကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ပေါက်တူးဖြင့် ခုတ်သတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
09:39
Rating:
![လင်မယားချင်းစကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ပေါက်တူးဖြင့် ခုတ်သတ်မှုဖြစ်ပွား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKR_4vj7SeON4EpqkAMcUmfatW782VLe-IUIaf4AojA2oFFr2ovAZU7pYjFVxllbN6aZN8HYt6OMvkQf8em1pt9jLr-bci5ziR4rtddvQPOXY0uyOk8AtOpQSEfaXVkJGugCMoxGEP6uQ/s72-c/2.jpg)