အလုပ်သမားကတ်လိမ်လုပ်မှုနဲ့ ထိုင်း ၁ ဦး မြန်မာ ၁ ဦးကို မြ၀တီမြို့ရဲတပ်ဖွဲ့ဖမ်းဆီး


အောက်တိုဘာလ ၁၇ ရက် ၂၀၁၇

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဘတ်ငွေ သောင်းချီကောက်ယူကာ ထိုင်းနိုင်ငံအတွင်းနေထိုင် အလုပ်လုပ်ခွင့်ရရေးစာရွက်စာတမ်းများလုပ်ပေးမည်ဟု ပြောဆိုသည့် ထိုင်း လူမျိုး တဦးနှင့်မြန်မာလူမျိုးတဦးတို့အား မြ၀တီ ရှိ မြန်မာ့ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ထိုင်းနိုင်ငံသား မစ္စတာပရာကစ် (အသက် ၅၀ နှစ်)နှင့် မြန်မာနိုင်ငံသား ကျော်မင်းလှိုင် (အသက် ၄၅ နှစ်) တို့ ၂ ဦးအား ကရင်ပြည်နယ် ဘားအံ- ကော့ကရိတ်-မြ၀တီအသွား လမ်းတွင် မြန်မာအာဏာပိုင်များကဖမ်းမိ ကြောင်း ထိုင်းနိုင်ငံ Thansettakij သတင်းဌာနက အောက်တိုဘာလ ၁၃ ရက်နေ့က ရေးသားဖော်ပြ ထားသည်။

၎င်းထိုင်းအမျိုးသား ၁ ဦး နှင့် မြန်မာအမျိုးသား ၁ ဦးတို့မှာ ထိုင်းရောက် မြန်မာနိုင်ငံ သားရွှေ့ပြောင်း အလုပ် သမားများအတွက် ပတ်စပို့ နှင့် အလုပ်လုပ်ခွင့် ဗီဇာ လုပ်ပေးသည့် ထိုင်းကုမ္မဏီတခု တွင်အလုပ် လုပ်နေ သူများဖြစ်ကြပြီး ဘန်ကောက်မြို့တွင်း အလုပ်ရုံ တခုခုတွင် အလုပ် ရှာပေး မည်ဟုဆိုကာ မြန်မာနိုင်ငံသား ရာကျော်ထံမှ တဦးလျင် မြန်မာကျပ်ငွေ ၈ သိန်းတန်ဖိုးခန့်ရှိ ထိုင်းဘတ်ငွေ ၂ သောင်း စီကောက်ယူ သည် ဟုဆိုပါသည်။

၎င်းတို့ ၂ ဦးထံ ပိုက်ဆံ ဘတ် ၂ သောင်းနီးပါးပေးပြီး အလုပ်လုပ်ခွင့် ကတ်ရရှိသော မြန်မာအ လုပ်သမား တချို့မှာ ဘန်ကောက်ရှိစက်ရုံတွင် အလုပ်မလုပ်ရသည့်အပြင် အလုပ်သမား ကတ်များ မှာ တရားမ၀င်သည့် ကတ်အတုများဖြစ်နေကြောင်း ထိုင်းအာဏာပိုင်မှစစ်ဆေးတွေ့ ရှိသည်ဟု ဆိုပါသည်။

ထို့အတွက် မြန်မာရဲမှဖမ်းမိထားသော ထိုင်းတဦးနှင့်မြန်မာတဦးအား ထိုက်သင့်သောပြစ်ဒဏ် များပေး သွားမည်ဖြစ်ကြောင်းနှင့် ၄င်းတို့ နှင့်ဆက်စပ်နေသောသူများကိုလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးတွဲ ပြီး ဆက်လက်အမှုဖေါ်ထုတ်သွားမည်ဟုဆိုသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
အလုပ်သမားကတ်လိမ်လုပ်မှုနဲ့ ထိုင်း ၁ ဦး မြန်မာ ၁ ဦးကို မြ၀တီမြို့ရဲတပ်ဖွဲ့ဖမ်းဆီး အလုပ်သမားကတ်လိမ်လုပ်မှုနဲ့ ထိုင်း ၁ ဦး မြန်မာ ၁ ဦးကို မြ၀တီမြို့ရဲတပ်ဖွဲ့ဖမ်းဆီး Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.