ဘန်ကောက်မြို့ နယ်အတွင်းရှိ အမျိုးသမီး အလှပြင်ဆိုင်အား သေနတ်ကိုင်ထားသူတဦးက ၀င်ရောက်စီးနင်း


၂၉ အောက်တိုဘာ၂၀၁၇

အောက်တိုဘာလ ၂၉ ရက်နေ့ ဒီကနေ့ နံနက် ၁၀ နာရီအချိန်က ဘန်ကောက်မြို့ ပထုံဝမ် ရာမာ(၆) လမ်းက အမျိုးသမီး အလှပြင်ဆိုင်ကို အမျိုးသားတဦးက ၃၈ ကာလီဘာ ခြောက်လုံးပြူးသေနတ်အတို တလက်ကိုင်ဆောင်ပြီး ၀င်ရောက်စီးနင်းထားတဲ့ ဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ တွေက တရားခံအမျိုးသားကို ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။


လေးထပ်တိုက်ခန်း အောက်ဆုံးထပ်မှာ ဖွင့်ထားတဲ့ အမျိုးသမီး အလှပြင်ဆိုင် အတွင်းမှာ အမျိုးသမီးသုံးဦးရှိနေတဲ့အချိန် အမျိုးသမီးတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားတာဖြစ်ပါတယ်။

 ရဲနဲ့  တရားခံအမျိုးသားတို့  အပြန်အလှန် ညှိနိုင်းနေစဉ် သေနတ်ကိုင်အမျိုးသားဟာ ဆိုင်ပြင်ကို ထွက်လာခဲ့တဲ့အချိန်မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။


သေနတ်အတို ကိုင်ဆောင်ထားသူဟာ မူးယစ်ဆေးစွဲနေသူဖြစ်ပြီး ဆေးမသုံးစွဲရတဲ့အတွက် မအိပ်နိုင်ဖြစ်ပြီး ခုလို လုပ်ခဲ့တာလို့ လည်း သိရပါတယ်။ တရားခံဟာ လက်နက်ချ အဖမ်းခံဘို့  ဆိုင်ပြင်ကို ထွက်လာခဲ့တဲ့ အချိန် မှာ ရဲတပ်ဖွဲ့ ဝင်တွေက ၀ိုင်ပစ်ကြတာလို့ လည်း ဘန်ကောက် အွန်လိုင်းသတင်းတွေမှာ ဖေါ်ပြထားတာတွေ့ ရပါတယ်။


သေနတ်ဒဏ်ရာတွေနဲ့  တရားခံအမျိုးသားကို ဆေးရုံမှာ အရေးပေါ် တက်ရောက် ကုသထားကြောင်းသိရပါတယ်။

Credit - Khaosod
Social Action for Children and Women - SAW
ဘန်ကောက်မြို့ နယ်အတွင်းရှိ အမျိုးသမီး အလှပြင်ဆိုင်အား သေနတ်ကိုင်ထားသူတဦးက ၀င်ရောက်စီးနင်း ဘန်ကောက်မြို့ နယ်အတွင်းရှိ အမျိုးသမီး အလှပြင်ဆိုင်အား သေနတ်ကိုင်ထားသူတဦးက ၀င်ရောက်စီးနင်း Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.