စကားများရန်ဖြစ်နေသူ(၂)ဦးအား ဝင်ရောက်ဖျန်ဖြေစဉ် ဓားထိုးခံရ၍ သေဆုံး/ဒဏ်ရာရရှိမှုဖြစ်ပွား


 စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မကျီးပင် ကျေးရွာအရှေ့ဘက် ရွှေမျှောလုပ်ကွက်အတွင်း အောက်တိုဘာလ ၂၈ ရက်နေ့  နံနက် ၁ နာရီအချိန်ခန့် က ဓားထိုးမှုဖြစ်ပွား၍ လူသေဆုံး/ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 သတင်းအရ ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ကောလင်းမြို့နယ်၊ ဂွေးတောက်တောကျေးရွာနေ ကျော်သူ နှင့် တစ်ရွာတည်းနေ ဝင်းဦး (၃၃)နှစ်တို့ အရက်မူးပြီး စကားများရန်ဖြစ်နေသဖြင့် အိုင်ကြီးကျေးရွာနေ ကိုသန်းထွန်းဇော်ဦး(ခ) အောင်ကိုဝင်း(၂၂)နှစ်နှင့် ညီဖြစ်သူ အောင်သူရဟိန်း(ခ)ဂျင်ဘီ(၁၅)နှစ်တို့မှ ဝင်ရောက်ဖျန်ဖြေစဉ် ဓားထိုးခံရ၍ သေဆုံး/ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဝင်ရောက်ဖျန်ဖြေသူ (၂)ဦးနှင့် ထပ်မံရန်ဖြစ်ခဲ့ရာက ဝင်းဦး မှ အရိုးအသွား(၉)လက်မခန့် ရှိ ကျွဲချိုရိုးတပ် ဓားဦးချွန် ဖြင့် ထိုးခဲ့၍ အောင်သူရဟိန်း(ခ)ဂျင်ဘီ တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုသန်းထွန်းဇော်ဦး (ခ)အောင်ကိုဝင်း တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဝင်းဦး အား ပင်လည်ဘူးမြို့မရဲစခန်း ရာဇသတ် ကြီးပုဒ်မ-၃၂၆/၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
စကားများရန်ဖြစ်နေသူ(၂)ဦးအား ဝင်ရောက်ဖျန်ဖြေစဉ် ဓားထိုးခံရ၍ သေဆုံး/ဒဏ်ရာရရှိမှုဖြစ်ပွား စကားများရန်ဖြစ်နေသူ(၂)ဦးအား ဝင်ရောက်ဖျန်ဖြေစဉ် ဓားထိုးခံရ၍ သေဆုံး/ဒဏ်ရာရရှိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:06 Rating: 5
Powered by Blogger.