လှိုင်းဘွဲမြို့နယ်မှာ စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား


လှိုင်းဘွဲ - အောက်တိုဘာ ၂၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာအုပ်စုချမ်းသာရွာတွင် အောက်တိုဘာ ၂၆ ရက် ည ၉နာရီခွဲ အချိန်ခန့်က စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာမသီတာစန်း(၂၈)နှစ်၊ ချမ်းသာရွာနေသူသည် နေအိမ်တွင် အိပ်ပျော်နေစဉ် ခင်ပွန်းဖြစ်သူခွာစိန်(၃၆)နှစ်သည် နေအိမ်ရှေ့တွင် တူဖြစ်သူကျော်လှိုင်(အသက်)စုံစမ်းဆဲနှင့် စကားများရန်ဖြစ်နေသည်ကို ကြားရ၍ ထကြည့်ရာခင်ပွန်းဖြစ်သူခွာစိန်နှင့် ကျော်လှိုင်တို့မှာတစ်ဦးနှင့် တစ်ဦးတွန်းထိုးနေသည်ကိုတွေ့ရှိရပြီးဝိုင်းဝန်းဖြန်ဖြေပေးရန် အကူအညီတောင်းနေစဉ် ကျော်လှိုင်းနှင့်အတူပါလာသူ ငြိမ်းချမ်း(၃၁)နှစ် ဒိုင်းပြကျေးရွာနေသူမှ ဓါတ်မီးဖြင့်လှမ်းထိုးရာခင်ပွန်းဖြစ်သူမှ ဓါတ်မီးဖြင့်မထိုးရန်ပြောပြီးမသီတာစန်းမှ ကျော်လှိုင်အားတုတ်ဖြင့် ရိုက်စဉ် ငြိမ်းချမ်းမှ မသီတာစန်း၏ပါးအား (၁)ချက်ရိုက်နက်၍ မသီတာစန်းမှ ခင်ပွန်းဖြစ်သူခွာစိန်အားလှမ်းပြောရာ ငြိမ်းချမ်းနှင့် ခင်ပွန်းဖြစ်သူခွာစိန်တို့ စကားများရန်ဖြစ်ပြီး ငြိမ်းချမ်းမှ အရိုး/အသွား(၈)လက်မခန့်ရှိဓားဦးချွန်ဖြစ် ရှေ့မှထိုးရာခွာစိန်၏ ယာဘက်ရန်ညွန့်အောက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီးအခမ်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မသီတာစန်းမှ ၄င်း၏ခင်ပွန်းဖြစ်သူ ခွာစိန်ကိုဓားဖြင့်ထိုးသတ်သူ ငြိမ်းချမ်းအားဥပဒေအရအရေးယူးပေးပါရန် တရားလိုပြုလုပ် တိုင်ကြားသဖြင့် လှိုင်းဘွဲမြို့မရဲစခန်းမှ အမှုရေးဖွင့်ပြီးတရားခံအားဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လှိုင်းဘွဲမြို့နယ်မှာ စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား လှိုင်းဘွဲမြို့နယ်မှာ စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.