မောင်တောမြို့နယ်၊ ဘိုဘာကျေးရွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ |
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘိုဘာကျေးရွာ အစွန်ရှိ ရေကန်အနီး၌ မြေကြီးများပွနေသဖြင့် တူးဖော် ရာမှ မိုင်းများတွေ့ရှိကြောင်း ဒေသခံများ၏ အကြောင်းကြားချက်အရ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက် ထားသည့် အချင်း ၅ လက်မ၊ အလျား ၈ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ် မိုင်းငါးလုံးနှင့် အချင်း ၃ လက်မ၊ အလျား ၅ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းနှစ်လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ခုနစ်လုံးတို့ကိုတူးဖော်တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ
Reviewed by THITHTOOLWIN
on
09:19
Rating: