H1N1 ပိုးကူးစက်မှုမရှိရန် maskတပ်ဆင်သုံးစွဲသူအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ) |
ပြင်းထန်အသက်ရှူလမ်း ကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူလူနာ ၁၁၈၀ အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း ၄၀၀ ရှိခဲ့ပြီး ၃၈ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ၂၆ ရက်ကထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အရ သိရသည်။
တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူဦးရေမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ခြောက်ဦးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် ၁၁ ဦး စုစုပေါင်း ၃၈ ဦးရှိကြောင်း သိရသည်။
H1N1ပိုးသည် အတူနေထိုင်သူ များ အကြားတွင် ရောဂါပိုးကူးစက်နိုင် သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
(Xinhua)
http://xinhuamyanmar.com/myanmar
H1N1 ပိုးတွေ့လူနာစုစုပေါင်း ၄၀၀ ရှိခဲ့ပြီး ၃၈ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:33
Rating: