စက်တင်ဘာ ၆၊ ၂၀၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပချီးယားတန်းကျေးရွာနှင့် ပညောင်ပင်ကြီး ကျေးရွာတို့အား ယနေ့နံနက် ၁၁နာရီခွဲခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် မသင်္ကာသူ ၅ဦးအား ဖမ်းဆီးရမိ ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဥပဒေအညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ မောင်တောမြို့နယ် မြို့မ ကညင်တန်းအုပ်စု ဒီပါလ်ရာကျေးရွာ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ယနေ့မွန်းလွှဲ ၁ နာရီခွဲက နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးမှုကြောင့် နေအိမ် ၃ လုံးသာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မြောက်ခြမ်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်မှုကြောင့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၈၇ ဦး အသေရရှိကာ (၃၈) ဦးဖမ်းဆီးရမိခဲ့ပြီး ကျေးရွာပေါင်း (၆၀)၊ အိမ်အလုံးရေ (၆၈၄၅)လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/
မောင်တောမြို့နယ်၌ မင်္သကာသူ ၅ဦး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
20:38
Rating: