အာဖဂန်နစ္စတန်နိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုမြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) |
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ နန်ဂါဟာ(Nangarhar) ပြည်နယ်ရှိ စစ်သွေးကြွများ ထိန်းချုပ်ထားရာနေရာကို ယနေ့ (စက်တင်ဘာလ ၆ ရက်)တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ အား သစ္စာခံထားသည့် စစ်သွေးကြွ ၁၁ ဦးသေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
“ ဒီနေ့ မနက်စောစောမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နန်ဂါဟာပြည်နယ် ဟက်ကာမီန(Haska Mina) ခရိုင် ဒီဝါနာ ဘာဘာ( Diwana Baba) ကျေးရွာအတွင်း ပုန်းအောင်းနေသည့် စစ်သွေးကြွ ၁၁ ဦးကို သုတ်သင်နိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အိုင်အက်စ်အကြမ်းဖက်အုပ်စုသည် ကဘူးလ်မြို့ ၏ အရှေ့ ဘက် ၁၂ဝ ကီလိုမီတာအကွာရှိ အရှေ့ နန်ဂါဟာပြည်နယ် Jalalabad ၌ အစိုးရအား ဆန့် ကျင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အဖွဲ့ ဖြစ်ပြီး ၄င်းလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ နန်ဂါဟာ၌ လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ် ၁၁ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:21
Rating: