တင်းမေကျေးရွာ၌ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံး တွေ့ရှိသိမ်းဆည်း


စက်တင်ဘာ ၂၄၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တင်းမေကျေးရွာအုပ်စုအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် တိုင်ကြားချက်အရ တင်းမေကျေးရွာ ရပ်ကွက် ၂ ရှိ အဘူကာလောင် ၄၅ နှစ် (ဘ)မာမတ်တာမိန် နေထိုင်သည့် (လူမရှိ) နေအိမ်ခြံဝင်းအတွင်း ရှာဖွေစစ်ဆေးခဲ့သည်။

ခြံအတွင်းရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်၏တောင်ဘက်ရှိ ငါးကန်ပေါင်ဘေးတွင် ပလပ်စတစ်အဖြူ ဖြင့် ပတ်လျက်မြေမြှုပ်ထားသည့် အလျား ၉ လက်မ၊အချင်း ၂ လက်မခန့်ရှိ သံပိုက်လုံးဖြင့်ပြုလုပ်ထားသည့် ရီမုပါ အသက်သွင်းပြီး လက်လုပ်ရီမုမိုင်း ၁ လုံးအား တွေ့ရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းလက်လုပ်ရီမုမိုင်းအား သက်မဲ့ပြုလုပ်ခဲ့ပြီး အနီးတစ်ဝိုက်ဆက်လက်ရှင်းလင်းရှာဖွေခဲ့ရာ ထူးခြားမှုမရှိ၍ ပြန်လည်ထွက်ခွာခဲ့သည်။

အဘူကာလောင်နှင့် ပူးပေါင်းပါဝင်သည့် အကြမ်းဖက်များအား အရေးယူနိုင်ရန် တောင်ဘဇာနယ်မြေစခန်း၌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ -၅၀(ဈ)ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Information Committee
https://www.facebook.com/InfomationCommittee
တင်းမေကျေးရွာ၌ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံး တွေ့ရှိသိမ်းဆည်း တင်းမေကျေးရွာ၌ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်ရီမုမိုင်း ၁ လုံး တွေ့ရှိသိမ်းဆည်း Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.