မောင်တောမြို့ (၅)ရပ်ကွက်အစွန်ဘက်မှာပိတ်မိနေတဲ့ လသာရွာက ဟိန္ဒူလူမျိုးတွေကို တပ်မတော်နယ်ခြားစောင့်တပ်နဲ့ ပူးပေါင်းပြီး မနေ့ကဘေးကင်းရာကိုပြောင်းရွှေ့နိုင်ခဲ့တယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
ကျေးရွာမှာနေထိုင်သူဦးရေ (၄၄၀)ကျော်ကို လုံခြုံရေးအကူအညီနဲ့ မြို့ပေါ်ကိုခေါ်ဆောင်ခဲ့ပြီး
မောင်တောမြို့ အမှတ်(၂)မူလတန်းလွန်ကျောင်းမှာ နေရာချထားပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွာကိုစောင့်ရှောက်ဖို့ ရွာသား(၁၀၀)နီးပါးလောက် ကျန်ရစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လသာရွာသားတွေဟာ အကြမ်းဖက်မှုစတင်ဖြစ်ပွားခဲ့တဲ့ သြဂုတ်လ(၂၅)ရက်ကတည်းက ရွာအတွင်းမှာပိတ်မိနေခဲ့တာဖြစ်ပါတယ်။
အနီးနားက ဘင်္ဂါလီရွာတွေက အကြမ်းဖက်သမားတွေလာရောက်ပြီး ရန်ပြုတာတွေ၊ တုတ်ဓားတွေနဲ့ ခြိမ်းခြောက်တာတွေကို ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် အပြင်ထွက်ဖို့အခက်အခဲရှိ တာကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ လသာရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။
သတင်း၊ဓာတ်ပုံ - လ၀န်းရံ (5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
မောင်တောမြို့အစွန်မှာ ပိတ်မိနေတဲ့ လသာရွာက ဟိန္ဒူလူမျိုးတွေကို ကယ်ထုတ်နိုင်
Reviewed by THITHTOOLWIN
on
17:48
Rating: