ဧရာဝတီ မြစ်ရိုးတစ်လျောက်မှ စစ်ဆေးရေး ဂိတ်များအား စီစစ် အရေးယူသင့်


မန္တလေးတိုင်း အတွင်း ကနေ ဧရာဝတီမြစ်ကြောင်းမှ ရွှေအကြင်း နဲ့ ရွှေပုန်းညက် ကုန်တင်သင်္ဘော ၂ စီးနဲ့သယ်လာတဲ့ နွား အကောင် ၅၀၀ ကို ကသာမြို့ က ဌာနပေါင်းစုံ အဖွဲ့က ကသာ မြို့နယ် အောင်ချမ်းသာကျေးရွာ ဆိပ်ကမ်းမှာ စက်တင်ဘာလ ၂၆ ရက် ညနေပိုင်း အချိန်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နယ်ကျော် ဖြတ်သန်း သယ်ဆောင်ဖို့ အထောက်အထား ပြသနိုင်ခြင်းမပါရှိပါဘူး ။ ဒီနွားတွေရဲ့ လာရာ က ဗန်းမော် ခရိုင် စင်းခန်း ဆိပ်ကမ်းမှာ ချပြီး ပေါက်ဖော်ကြီးတွေဆီ ပို့ ဖို့ သယ်
ဆောင်လာတာဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ် ။


ပြောချင်တာ က မန္တလေးတိုင်း အတွင်း ကနေ ဧရာဝတီ မြစ်အတိုင်း ဆန်တက်လာတဲ့အခါ . . .

၁။ မင်းကွန်း (ကင်းရုံး)
၂။ သစ်ဆိမ့်
၃။ ရှိန်းမကား
၎။ အင်ဒေါင်း
၅။ မှော်ဦး
၆။ ထုံးကြီး
၇။ စဥ့်ကူး
၈။ ကျောက်မြောင်း (ကင်းရုံး) စစ်တပ် ဂိတ် ရဲဂိတ် အဖွဲ့စုံ ။
၉။ မအူ
၁၀။ ရွှေကျင်
၁၁။ ကဘွက်
၁၂။ အညာသီဟတော
၁၃။ သပိတ်ကျင်း
၁၄။ မလယ်
၁၅။ တကောင်း၊ ကြံညှပ်
၁၆။ ထီးချိုင့်၊ မြတောင် (ကင်းရုံး)

ဧရာဝတီ မြစ်ကြောင်း တလျောက်မှာ ကင်းရုံးကြီးများနဲ့စစ်ဆေးရေးဂိတ်တွေ များစွာ ရှိပါတယ် ။ အဲဒီ ဂိတ်တွေက နွားအကောင် ၅၀၀ တင်လာတဲ့ သင်္ဘောကြီး ၂ စီးကို ဘာကြောင့် စစ်ဆေးမှု မပြုနိုင်ခဲ့တာလည်း ။

၁။ အထောက်အထားမပါပဲ ပေါ်ပေါ်တင်တင် သယ်ဆောင်လာတဲ့ နွားအကောင် ၅၀၀ ကို မတွေ့လိုက်ဖူး မသိလိုက်ဖူးလို့ ညင်းချက် ထုတ်လေမလား ။ ဒါဆို အဲဒီ ကင်ရုံးအပါ အဝင် စစ်ဆေးရေး ဂိတ်တွေဟာ အလုပ်မလုပ်ပဲ နိုင်ငံတော် လစာထုတ်စားနေတာ သေချာသွားပါပြီ။

၂ ။ သင်္ဘောကြီး ၂ စီးနဲ့ နွားအကောင် ၅၀၀ ကို သယ်လာတာကို တွေ့ရှိပါလျက် အထောက်အထား မပါပဲ ဘာကြောင့် ဖြတ်သန်းခွင့် ပေးခဲ့တာပါလည်း။ ငွေကြေး ပါဝင် ပတ်သက်နေသူများကို တိတိကျကျ အရေးယူသင့်ပါတယ် ။


နွားအကောင် (၅၀၀) ကို အထောက်အထားမပါပဲ သယ်ဆောင်လာတဲ့ ကိစ္စမှာ ရေယာဉ်မှူးနဲ့ နွားမောင်း ကိုယ်စားလှယ်တွေသာ အရေးယူမယ်ဆို တရားမျှတမှုမရှိပါ ။ နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ လက်မဲကြီးတွေကိုလည်း စီစစ်အရေးယူသင့်ပါတယ် ။ ဒါ့အပြင်ဧရာဝတီ မြစ်ရိုး တစ်လျောက်က (ကင်းရုံး)ကြီးများနဲ့ ရေကြောင်း စစ်ဆေးရေး ဂိတ်ငယ်တွေကိုလည်း ငွေကြေး ပတ်သက်မှု ရှိ/ မရှိ စစ်ဆေး အရေးယူသင့်ကြောင်းပါ ခင်ဗျာ ။

မြင့် လွင်
https://www.facebook.com/ktamyintlwin
ဧရာဝတီ မြစ်ရိုးတစ်လျောက်မှ စစ်ဆေးရေး ဂိတ်များအား စီစစ် အရေးယူသင့် ဧရာဝတီ မြစ်ရိုးတစ်လျောက်မှ စစ်ဆေးရေး ဂိတ်များအား စီစစ် အရေးယူသင့် Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.