ဖျာပုံမြို့၊ ​ချောင်းတွင်း​ကျေးရွာ အ​နောက်​ကွင်းရှိ လယ်​တဲအတွင်း၌ အသတ်​ခံရမူဖြစ်​ပွား


ဖျာပုံ စက်​တင်​ဘာ ၂

ဖျာပုံမြို့နယ်​၊ ​ချောင်းတွင်း​ကျေးရွာ အ​နောက်​ကွင်းတွင်​ ဦးခင်​​မောင်​ချို(၂၅)နှစ်​ ၏လယ်​တဲ၌ အ​စောင့်​အဖြစ်​ထားရှိသူ ဦးသိန်းလွင်​(ခ)ဦးသိန်းစိုး(၅၅)နှစ်​ ​ဘောက်​လုပ်​၊ ခရမ်းအုပ်​စု၊ ကလာ​လေး​ကျေးရွာ၊ ကျိုက်​လတ်​မြို့နယ်​​နေသူသည်​ ဦးခင်​​မောင်​ချို၏ လယ်​တဲအတွင်း၌ ဒဏ်​ရာများဖြင့်​ ​တွေ့ရှိရပြီး ​ဆေးရုံသို့ပို့​ဆောင်​စဉ်​​သေဆုံးသွားခြင်းဖြစ်​​ကြောင်း သိရှိရသည်​။

ဖြစ်​စဉ်​မှာ ၂၀၁၇ခုနှစ်​ စက်​တင်​ဘာ(၁)ရက်​​ ည(၁၂)နာရီခန့်​က တရားလိုဖြစ်​သူ ဦးခင်​​မောင်​ချို​နေအိမ်​၌ရှိ​နေစဉ်​ ညီမဖြစ်​သူ မသိန်းသိန်း​​ထွေးမှဖုန်းဆက်​၍ တရားလို၏ လယ်​တဲဘက်​မှ​အော်​သံများကြားရ​ကြောင်း တဲကိုလာကြည့်​ရန်​​ပြောသဖြင့်​ တရားလိုမှအကို ဖြစ်​သူ ကိုလှကြည်​​၊ ​ယောက္ခမဖြစ်​သူ ဦးသန်း​ဌေးတို့အား​အ​ဖော်​​ခေါ်၍ လယ်​တဲသို့သွား​ရောက်​ကြည့်​ရှုရာ လယ်​တဲ​ပေါ်၌ ဝဲလက်​ဖျံရိုးကျိုးပဲ့ဒဏ်​ရာ၊ ယာလက်​ဖျံတံ​တောင်​ဆစ်​​အောက်​အရိုးကျိုးဒဏ်​ရာ၊ လည်​ပင်း(၈)လက်​မခန့်​ပြတ်​ရှဒဏ်​ရာ၊ ဦး​ခေါင်းယာဘက်​ နားရွက်​​နောက်​မှ ယာဘက်​အံသွားအထိ ဦးခွံရိုးကျိုးပြတ်​ရှဒဏ်​ရာတစ်​ချက်​၊ ရင်​ညွန့်​ရိုးကျိုးဒဏ်​ရာတို့ဖြင့်​ ​တွေ့ရှိရသဖြင့်​​ ဘယ်​သူလုပ်​တာလဲဟု ​မေးမြန်းရာ ဦးသိန်းလွင်​(ခ)ဦးသိန်းစိုးမှ စကားမပီမသအသံဖြင့်​ပြန်​​ပြော၍ တရားလိုမှ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးထံ အ​ကြောင်းကြားပြီး ​ဆေးရုံသို့ပို့​ဆောင်​စဉ်​ ​သေဆုံးသွားခဲ့သည်​။ ထို့​ကြောင့်​ ဦးခင်​​မောင်​ချိုမှ အမူမှန်​​ပေါ်​ပေါက်​​ရေးအတွက် တရားလိုပြုလုပ်​၍ ​ဖျာပုံမြို့မရဲစခန်းမှ ဒုရဲမှူး ဝင်းနိုင်​မှ အမူဖွင့်​​ဆောင်​ရွက်​လျှက်​ရှိ​ပြီး တရားခံဖမ်းဆီးရမိ​​ရေးအတွက်​ဆက်လက်​​ဆောင်ရွက်​​​​လျှက်ရှိ​​ကြောင်း ဖျာပုံမြို့မရဲစခန်းမှ သတင်းရရှိသည်​။

တရားလိုဖြစ်​သူ ဦးခင်​​မောင်​ချိုမှ " ​သေဆုံးသူ ဦးသိန်းလွင်​(ခ)ဦးသိန်းစိုးသည်​ လွန်​ခဲ့​သော တစ်​ပတ်ခန့် က​ ​ချောင်းတွင်း​ကျေးရွာသို့ ​နေစရာ၊ စားစရာ၊ အလုပ်​အကိုင်​မရှိ​ကြောင်း ​ပြောဆိုသဖြင့်​ ၄င်းမှ အ​စောင့်​အဖြစ်​​ခေတ္တ​နေထိုင်​ရန်​ ခွင့်​ပြုထားတာပါ "ဟု ​ပြောပြခဲ့သည်​။

နန္ဒကျော်စွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖျာပုံမြို့၊ ​ချောင်းတွင်း​ကျေးရွာ အ​နောက်​ကွင်းရှိ လယ်​တဲအတွင်း၌ အသတ်​ခံရမူဖြစ်​ပွား ဖျာပုံမြို့၊ ​ချောင်းတွင်း​ကျေးရွာ အ​နောက်​ကွင်းရှိ လယ်​တဲအတွင်း၌ အသတ်​ခံရမူဖြစ်​ပွား Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.