မိုင်းယောင်း၌ နေအိမ်ခြံအပြင်ဘက် လမ်းမပေါ်မှ ဆဲဆိုပြီး တူမီးသေနတ် ဖြင့် ပစ်ခတ်သူကို အမှုနှစ်မှုဖြင့်အရေးယူ
မိုင်းယောင်း စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ မုန်း လိုက်ကျေးရွာ၌ နေအိမ်ခြံအပြင်ဘက် လမ်းမပေါ်မှ ဆဲဆိုပြီး တူမီးသေနတ် ဖြင့် ပစ်ခတ်သူကို စက်တင်ဘာ ၂၆ ရက်ညနေပိုင်းက အမှုနှစ်မှုဖြင့် အရေး ယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက်နေ့ညနေ ၃ နာရီ ၂၅ မိနစ်အချိန်က မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ မုန်းလိုက်ကျေးရွာ ရဲစခန်းအနောက် တောင် ၇ မိုင်ခန့်နေ စိုင်းအွန်ကျော် (ခ) အိုက်ကျောက်သည် မိုင်းယောင်း မြို့မရဲစခန်းသို့ လာရောက်၍ င်းသည် ဖခင်ဖြစ်သူနှင့် ဧည့်သည့် တစ်ဦး ညစာထမင်းစာဖို့ ပြင်ဆင်ပေးနေစဉ် ခေါ်သံကြား၍ အိမ်ရှေ့သို့ထွက်ကြည့် ရာ ခြံအပြင်ဘက် လမ်းမပေါ်မှ အမည်မသိ လူတစ်ဦးက အိုက်ကျောက် မင်းခွေးသားလားဟု ရှမ်းလိုပြောဆို ဆဲဆိုသဖြင့် ဘယ်သူလဲဟု မေးစဉ် အမည်မသိသူက လက်ထဲမှာ ကိုင်လာတဲ့ အရှည် ခြောက်ပေခန့်ရှိ တူမီး သေနတ် နဲ့ တစ်ချက်ပစ်လိုက်လို့ နေအိမ်ခြံ တံခါးတိုင်မှာ တပ်ဆင်ထားတဲ့ အလှဆင်မီးသီး အကြီး တစ်လုံးကို ထိမှန်ပျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ထိုသူမှ တူမီးသေနတ်အား ခဲနှင့် ယမ်းထပ်ထည့်နေစဉ် ရွာသားများ ရောက် ရှိလာပြီး ဝိုင်းဝန်းတားဆီးခဲ့ကြောင်း၊ တူမီးသေနတ်ဖြင့် ပစ်ခတ်သူမှာ ဟို ဒုန်းကျေးရွာနေ အိုက်ငင်းဆိုသူ ဖြစ်ကြောင်း သိရ၍ လာရောက်တိုင် တန်း ခဲ့သည်။
အမှုမှ ဆဲဆိုကာ တူမီးသေနတ်ဖြင့် ပစ်ခတ်သူ အိုက်ငင်းအား မိုင်ျးယောင်းမြို့မရဲစခန်းက (ပ)၄၄/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၄၂၇ဖြင့် လည်းကောင်း၊ တရားမဝင် တူမီးသေနတ်ကိုင်ဆောင် အသုံးပြုမှုဖြင့် (ပ)၄၅/ ၂၀၁၇၊ ရှမ်းလက်နက် ၁၂(က)ဖြင့်လည်းကောင်း အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ် တာချီလိတ်
https://www.facebook.com/mjin.mou.1
မိုင်းယောင်း၌ နေအိမ်ခြံအပြင်ဘက် လမ်းမပေါ်မှ ဆဲဆိုပြီး တူမီးသေနတ် ဖြင့် ပစ်ခတ်သူကို အမှုနှစ်မှုဖြင့်အရေးယူ
Reviewed by THITHTOOLWIN
on
03:36
Rating: