![]() |
မောင်တောမြို့ ကညင်တန်းရပ်ကွက်က မီးလောင်ထားတဲ့အိမ်တစ်လုံးကို စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Thiha Tun/RFA |
အထူးသဖြင့် မြန်မာနဲ့ နယ်စပ်အနီး ကောက်စ်ဘဇားဒေသမှာ ဒေသခံတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘာသာစကားတူ၊ ယဉ်ကျေးမှုတူဖြစ်ကြလို့ ဗုဒ္ဓဘာသာဝင်တွေအပေါ် တိုက်ခိုက်လာမှာ စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတုန်းကလည်း ကောက်စ်ဘဇားဒေသမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
အခုတော့ အရင်ကလို မဖြစ်ရအောင် ကောက်စ်ဘဇား အာဏာပိုင်တွေက ဗုဒ္ဓဘာသာဝင်တွေရှိရာ နေရာတွေကို လုံခြုံရေးအင်အား ၅၅၀ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်မှာကိုစိုးရိမ်
Reviewed by THITHTOOLWIN
on
14:48
Rating:
![ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်မှာကိုစိုးရိမ်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibgGL6hJ8KsH_RoSY7cXF0TgCWsuCAEABK1PCD-Ajnu125zMcCSmOrSKltmc2EEzWyhArH9PuZ5A9tfMVJ06yFSTat0nxLRNFqwbgccDTF4RjSF5pxbkXlUcG_u1yjI0SiWZddsk968YOn/s72-c/5.jpg)