ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာမှာ စက်တင်ဘာ(၁)ရက် ည(၁၂)နာရ်ီခန့်က လူတစ်ဦး လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ အခြားဒဏ်ရာတွေရရှိကာ သေဆုံးသွားတယ်လို့ သိရပါတယ်။ သြဂုတ်လ(၂၈)ရက်က တရားလိုလယ်ပိုင်ရှင် တစ်ဦးဟာ လယ်တဲက တက်လာပြီး ထမင်းစားဖို့ ထွက်လာစဉ် လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ချောင်းတွင်းကျေးရွာကိုလာရောက် အလုပ်လုပ်ကိုင်နေသူနဲ့ တွေ့ဆုံမိရာမှာ နေစရာ၊စားစရာ၊အလုပ်အကိုင်မရှိကြောင်း ပြောဆိုခဲ့တဲ့အတွက် လယ်ပိုင်ရှင်က သူရဲ့လယ်တဲမှာ အစောင့်အဖြစ် ခေတ္တနေထိုင်ခွင့်ပြုထားခဲ့ပါတယ်။
အဲဒီလိုခွင့်ပြုထားရာက စက်တင်ဘာလ(၁)ရက် ည(၁၂)နာရီ အချိန်ခန့်မှာ လယ်ပိုင်ရှင်က အိမ်ပေါ်ရှိနေစဉ် ညီမတော်စပ်သူ က ဖုန်းဆက်ကာ လယ်တဲဘက်က အော်သံတွေကြားရလို့ တဲကိုလာကြည့်ဖို့် ပြောတဲ့အတွက် ဦးခင်မောင်ချိုက အစ်ကိုဖြစ်သူနဲ့ ယောက္ခမ ဖြစ်သူတို့ကို အဖော်ခေါ်ကာ လယ်တဲကို သွားရောက်ကြည့်ရှုရာမှာ အစောင့်ထားသူဟာ လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ အခြားဒဏ်ရာတွေ ရရှိနေတာကိုတွေ့ရတာ ဖြစ်ပါတယ်။
အဲဒီလို တွေ့ရှိတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားကာ ဖျာပုံဆေးရုံကြီးကို ပို့်စဉ် သေဆုံးသွားတဲ့အတွက် လယ်ပိုင်ရှင်က အစောင့်ကို သေဆုံးသည်အထိ ပြုလုပ်သွားသူကို စုံစမ်းအရေးယူပေးဖို့ ဖျာပုံမြို့မရဲစခန်းကို တိုင်းတန်းခဲ့ပါတယ်။
အမှုနဲ့ပတ်သက်လို့ ရာဇသတ်ကြီး ဖျာပုံမြို့မရဲစခန်းက ပုဒ်မ ၃၀၂ အရအမှုဖွင့်အရေးယူထားကာ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဒီသတင်းကို ကျော်စိုးမိုး(ဖျာပုံ)ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
22:19
Rating: