တပ်ကုန်း စက်တင်ဘာ ၁
နေပြည်တော် တပ်ကုန်းမြို့နယ် မြောက်မြိုက်ကျေးရွာအုပ်စု ဒဟတ်ကုန်း ကျေးရွာ အနောက်တောင်ဘက်တွင် သြဂုတ် ၃၁ ရက် ညနေ ၆ နာရီက တပ်ကုန်း-အမြန်လမ်းသွားကားလမ်း မိုင်တိုင်အမှတ်(၄/၁)အနီးရှိ ဆင်သေ ချောင်းတံတား၏ ယာဘက်ခြမ်း ပေ ၂ဝဝ ခန့်အကွာ ဆင်သေချောင်း အလယ် သဲသောင်ခုံရေအစပ် မြက်တောပေါ်တွင် အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တပ်ကုန်းမြို့မရဲစခန်း တွင် ဒုရဲအုပ်မြင့်ကံ တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် ဆင်သေ ချောင်းထဲ၌ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ဒဟတ်ကုန်း ကျေးရွာနေ ဦးရွှေရိုး၏ဇနီး ဒေါ်ငြိမ်းမြိုင်(၅၈)နှစ်ဖြစ်ပြီး အဆိုပါ သေဆုံးသူ အမျိုးသမီးသည် ရွာ၏ အနောက်တောင်ဘက် ဆင်သေ ချောင်းတစ်ဖက်ကမ်းရှိ မိမိပိုင်ဆိုင် သည့် စိုက်ခင်းအတွင်း မြေသြဇာ ပက်ဖျန်းရန် တစ်ဦးတည်းထွက်သွား ခဲ့ရာမှ ချောင်းဖြတ်ကူးစဉ် ရေစီးဖြင့် မျောပါ နစ်မြုပ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
(တင်စိုးလွင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆင်သေချောင်းတွင် အမျိုးသမီးတစ်ဦး ရေစီးဖြင့်မျောပါ၍သေဆုံး
Reviewed by THITHTOOLWIN
on
10:04
Rating: