မိုးကောင်း စက်တင်ဘာ ၂
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောဘူတာနှင့် မင်းကုန်းဘူတာကြားတွင် စက်တင်ဘာ ၂ရက်နံနက် ၆နာရီခန့်က လူတစ်ဦးရထားတိုက်မိ၍ သေဆုံးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ပင်းဘောဘူတာနှင့် မင်းကုန်းဘူတာကြား မီးရထားမိုင်တိုင်အမှတ် ၆၆၄/၆-၇တွင် လူတစ်ဦးရထားတိုက်မိပြီး ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ကာ သေဆုံးနေကြောင်း ပင်းဘောဘူတာရုံပိုင်ကြီးမှ ပင်းဘောနယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် ဒုရဲအုပ်ကျော်ကိုကိုမှ သက်သေများနှင့် သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အင်ကြင်းကုန်းကျေးရွာ ရပ်ကွက်(၂)နေ တင်ယု(၄၅)နှစ်ဖြစ်ပြီး စက်တင်ဘာ ၂ရက်နံနက် ၁နာရီခန့်က အမှတ်(၈၀၇)အဆန် ဆီတင်ရထားနှင့် ယင်းနေရာတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် ပင်းဘောနယ်မြေရဲစခန်းတွင် ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
ပင်းဘောဘူတာနှင့် မင်းကုန်းဘူတာအကြားတွင် ရထားတိုက်မိ၍ လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
18:59
Rating: